Pages

Wednesday, December 18, 2013

ဘော်လုံး (အားကစား) နဲ့ နိုင်ငံရေး ဆက်နွယ်မှု


ဆီးဂိမ်း မှာ မြန်မာဘော်လုံး အသင်း ရှုံး တာကို တော်တော် ခံပြင်း ကြပါတယ်။

တခါမှ မရှုံးဖူးပဲ ရှုံးရတာဆိုရင် တမျိုးပေါ့။ အခုတော့ မြန်မာ့ ရှုံးပွဲကို အဆန်းတကျယ် လုပ်နေတယ် လို့ မြင် မိ ပါတယ်။ ဟုတ်ပါတယ်။ ဒူဝါ တသက် အားပေးလာသမျှ မြန်မာ့ ဘော်လုံးအသင်း ဘယ်တော့မှ အနိုင်နဲ့ ပြန်လာတာ မရှိသလောက် ပါပဲ။

တချို့က ဒိုင် ကို အပစ်တင်ကြတယ်။ တချို့က နည်းပြ၊ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဠ် ကတော့ ကစားသမား များကို အပစ်တင် သလိုလို နဲ့ ရေးထားတာ တွေ့ရတယ်။

Monday, December 16, 2013

အခြေခံ ဥပဒေ ပြင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ကို သီးသန့် မြင်နိုင်ရမည်။

အခြေခံ ဥပဒေ ပြုပြင် ရေးဆွဲရေးအတွက် NLD ပါတီဝင် ပြည်သူများ စုရုံးကြစဉ်။ 
အန်အယ်ဒီပါတီကို အားပေး နေတဲ့ သာမန်လူငယ် တော်တော်များများဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် အဓိက လိုအပ်ချက် ဆိုပြီး ရှေ့တန်းတင် ဆွေးနွေးလာတာ တွေ့ရတယ်။ တဖက်မှာလဲ စစ်ဝါဒီတွေက ဒီအချက်ကိုပဲ အဓိက ထောက်ပြပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲရေး (သို့) အသစ်ရေး ဆွဲရေး ဆိုပြီး ပြောကြဆိုကြတဲ့ အထဲမှာ ဒေါ် အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ကြိုးစားနေတယ် ဆိုပြီး ကလော်လာတာ တွေ့ရပါတယ်။

Friday, December 13, 2013

အတိုက်အခံခေါင်းဆောင် ဆိုတဲ့ နာမည်ကို ခါးသီး နေသူများသို့......



မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်မျှ အတိုက်အခံ ဆိုတဲ့ ခေါင်းစဉ်ဟာ လူဆိုး ဖြစ်နေခဲ့တာပါ။ အဲဒီရဲ့ အကျိုးဆက်ကတော့ မြန်မာနိုင်ငံသားတွေရဲ့ စိတ်မနောမှာ ညှိကျန်ခဲ့တာပဲ။ အဲဒါကတော့ အတိုက်အခံ ဆိုတာ သူပုန် ပုံစံ ဖြစ်သွားပါတယ်။ အတိုက်အခံ လုပ်သူဟာ အဆိုးမြင် ပေါ့။

လူ့အခွင့်အရေး နဲ့ ဒီမို ဟာ မြန်မာ့အမျိုးသားရေး ရန်သူလား?


ဒီပိုစ့်က Michael Thu ကို တိုက်ခိုက်တဲ့ ပိုစ့် မဟုတ်ဘူးနော်။
သူ့ပိုစ့်မှာ မန့် မရလို့ ဒီမှာ တင်ဆွေးနွေးတာပါ။

အကောင်းမြင်မခံရတဲ့သူများရဲ့ နောက်ကွယ်က ကောင်းခြင်းမင်္ဂလာ


အင်အားကြီးသူ နဲ့ ဖိနှိပ်သူ လူတန်းစားများဟာ အင်အားနည်းသူ၊ သူတို့ ဖိနှိပ်ထားသူများရဲ့ ကောင်းကွက်ကို အမြဲတမ်း ချိုးနှိမ်ထားတတ်ကြပါတယ်။

အခုလဲ ကြည့်ပါ။ တောင်အာဖရိကနိုင်ငံရဲ့ တော်လှန်ရေး ခရီးစဉ်မှာ အမြဲတစေ ကူညီခဲ့တဲ့ Cuba နိုင်ငံနဲ့ ခေါင်းဆောင်များကို အင်အားကြီးနိုင်ငံနဲ့ နိုင်ငံတကာ မီဒီယာ တွေက အကောင်းမြင်ခဲ့တာ မဟုတ်ပါဘူး။ နယ်လ်ဆင် မန်ဒဲလား လွတ်မြောက်ခြင်း နဲ့ Apartheid ဥပဒေ ချုပ်ငြိမ်းဖို့ လောက်သာ လူဖြူနိုင်ငံတချို့က ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်လာဖို့ ကျူဘား နိုင်ငံသားတွေ ကျခဲ့တဲ့ သွေးတွေအတွက် အသိအမှတ်ပြု မခံရပါဘူး။

Thursday, December 12, 2013

ကိုယ့်ဆီမှာ ရှိဖို့တော့ မကြိုက်.. သူများဆီကိုတော့သွားမယ်။ တဲ့



Trinity College ဆိုတာ သုံးပါး တစ်ဆူ ကောလိပ် ပါ။ ခရစ်ယာန် ကျောင်း ဆိုပါတော့။

မြန်မာနိုင်ငံသားတွေ နိုင်ငံခြားတိုင်းပြည်တွေမှာ ရှိတဲ့ ခရစ်ယာန် သက္ကသိုလ် တွေမှာ ၀င်ခွင့်ရဖို့ တော်တော် ကျိုးစားကြပါတယ်။ ၀င်ခွင့်ရရင်လဲ ၀မ်းသာအားရ ကြွားလုံးထုတ်တတ်ကြပြီး တကယ်လဲ ထက်ထက်မြတ်မြတ် ပညာသင်ကြပါတယ်။

SEA Games 2013 မှာ ကမ္ဘာကျော်တဲ့ မြန်မာ့သတင်းများ။


SEA Games 2013 ဟာ မြန်မာက ကမ္ဘာကို အစွမ်းပြလိုက်တဲ့ပွဲ ဖြစ်တယ် "မြန်မာ့ အမျိုးသားအောင်ပွဲ" လို့ တချို့က ဆိုကြပါတယ်။

ဒူဝါကလဲ အင်္ဂလိပ်စာတွေ နဲနဲ ဖတ်တတ်တော့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဘာရေးထားတယ် ဆိုတာ သိနေတယ်။ မြန်မာ့ ညစ်ပုံ ညစ်နည်း နာမည်ကြီးသွားတာကတော့ အသေအခြာ ပါ။

ဘာတဲ့။

KIA နဲ့ မူဆလင် ကို တွဲထားခြင်း ရဲ့ ရည်ရွယ်ချက်များ။

KIA နဲ့ မူဆလင် ကုလား အဖွဲ့ ဆိုတဲ့ ၀ါဒဖြန့် လော်နေတာ အွန်လိုင်းမှာပဲ စိတ်မနံ့တဲ့ လူတစုလို့ပဲ ထင်မိတာ နေပြည်တော် စည်ပင်ဆိုင်းပုတ်မှာ တောင် ရောက်နေတယ်။

ဒီတော့ ပေါ့သေးသေး တော့ ထားလို့ မရတော့ဘူး။ ဝေဖန်ကြည့်တာပေါ့။

ရေးထားတာက KIA နဲ့ မူဆလင် အကြမ်းဖက်သမားတွေက ဗုံးခွဲဖို့ ကြံတာတဲ့။ ဗိုလ်ကြီးအဆင့်တွေက ကရင်လူမျိုးတွေ ဖြစ်သွားပြန်တယ်။ နောက် ကချင် တစ်ယောက်က ဗမာ နာမည်နဲ့ ဖြစ်ပြန်ရော။

Tuesday, December 10, 2013

အာဏာရှင်များရဲ့ လုပ်နည်း လုပ်ဟန်များ

အာဏာရှင်များသည် အကျိုးတူ နောက်လိုက်အမာခံများ ရှိခြင်းကြောင့် အာဏာတည်နေခြင်း ဖြစ်သည်။ အာဏာရှင်များ အတွက် အလိုအပ်ဆုံး အရာမှာ အာဏာတည်မြဲဖို့သာ ဖြစ်သည်။ အာဏာတည်မြဲဖို့ မည်သည့် နည်းမဆို လက်တွန့်မနေတော့ပေ။ သူတို့ အဓိက သုံးတတ်သော နည်းစနစ်မှာ နောက်လိုက်များ အပေါ် မဟုတ်မမှန် ၀ါဒမှိုင်းတိုက်ပြီး အုပ်ချုပ်ခြင်း ဖြစ်သည်။ ကိုယ်ပိုင်အကျိုးကို နိုင်ငံ့အကျိုး ဖြစ်သယောင် ပြောသည်၊ ကိုယ်ပိုင်အာဏာ ကို နိုင်ငံ့ အချုပ်အချာ အာဏာ ဖြစ်သယောင် ဟောသည်။ ကိုယ့်သိက္ခာကို နိုင်ငံ့သိက္ခာဟု သုံးနှုန်းသည်။ ကိုယ့်ကို ဝေဖန်ရင် နိုင်ငံတောင်ကို ဝေဖန်သယောင် ပြောတတ်လေသည်။

တိုင်းရင်းသား ၁၃၅ မျိုး ဆိုတာ တကယ်မရှိတဲ့ လူမျိုးကို ခေါ်သည်။

မြန်မာ့နည်း မြန်မာ့ဟန် ပညာရှင်များ အဖွဲ့ရဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲက ကချင် အုပ်စု ဖြစ်ပါသတဲ့။

Friday, December 6, 2013

ခရစ္စမတ် ကို တော်လှန်ရေး အမြင်ဖြင့် ရှုမြင်ခြင်း



တော်လှန်ရေး ဆိုတာ ဖိနှိပ်သူ လူတန်းစား ရှိနေလို့ ဖြစ်လာရတာချည်းပါ။

ဒါကြောင့် ဖိနှိပ်သူ လူတန်းစား ရှိနေသမျှ တော်လှန်ရေး ဆိုတာလဲ ရှိနေအုံးမှာပဲ။

ဖိနှိပ်သူ လူတန်းစား ဆိုတာလဲ ပုံစံအမျိုးမျိုးပြောင်းတတ်ကြပါတယ်။ ဒါကြောင့် တချို့က တော်လှန်ရကောင်းမှန်းတောင် မသိလိုက်တာတွေအများကြီးပါ။

ဥပမာ...