Pages

Thursday, December 12, 2013

ကိုယ့်ဆီမှာ ရှိဖို့တော့ မကြိုက်.. သူများဆီကိုတော့သွားမယ်။ တဲ့



Trinity College ဆိုတာ သုံးပါး တစ်ဆူ ကောလိပ် ပါ။ ခရစ်ယာန် ကျောင်း ဆိုပါတော့။

မြန်မာနိုင်ငံသားတွေ နိုင်ငံခြားတိုင်းပြည်တွေမှာ ရှိတဲ့ ခရစ်ယာန် သက္ကသိုလ် တွေမှာ ၀င်ခွင့်ရဖို့ တော်တော် ကျိုးစားကြပါတယ်။ ၀င်ခွင့်ရရင်လဲ ၀မ်းသာအားရ ကြွားလုံးထုတ်တတ်ကြပြီး တကယ်လဲ ထက်ထက်မြတ်မြတ် ပညာသင်ကြပါတယ်။
တကယ်တော့ ဒီလို ကျောင်းတွေဟာ ဗမာ ခေါင်းဆောင်တွေ မကြိုက်လို့ မြန်မာနိုင်ငံထဲက မောင်းထုတ်လိုက်တဲ့ ကျောင်းတွေပါ။

ဥပမာ ပြရရင် ထိုင်းနိုင်ငံက Assumption University, Payap University၊ St. John University, Bangkok Christian University ဆိုတာတွေက မြန်မာနိုင်ငံသားတွေ အဓိက တက်နေတဲ့ ခရစ်ယာန်သာသနာပြု သက္ကသိုလ်တွေပါ။ အဲဒီ သက္ကသိုလ်တွေကို တက်ရဖို့ ပညာသင်ဆု ထောက်ပံ့ကြေးများ လျှောက်ရပါတယ်။ ကိုယ့်စရိတ်နဲ့ ကိုယ် တက်နိုင်တဲ့ လူတန်းစားက နဲနဲ ပါ။

ဒီတော့ မြန်မာပြည်သားတွေ ခရစ်ယာန်ကျောင်းကို မကြိုက်ကြဘူးလား။? မဟုတ်ပါ။ အခုလဲ ပုဂ္ဂလိက ကျောင်း ဥပဒေ ထုတ်တော့ သာသနာပြုကျောင်း မဟုတ်ရ၊ တဲ့။ အစိုးရ ဆိုတဲ့ လူအုပ်စုက ဘယ်သူ့ကို အခြေခံပါသလဲ။

ကျနော် သိရသလောက်တော့ အဲဒီ နိုင်ငံခြားတိုင်းပြည်က ခရစ်ယာန် သာသနာပြုကျောင်း၊ သက္ကသိုလ် တွေမှာ သွားတက်တဲ့ မြန်မာကျောင်းသားတွေမှာ ဗိုလ်ချုပ်သားသမီးတွေလဲ အများကြီးပါ။

ဘာဖြစ်လို့ ကိုယ့်ဆီမှာ လာဖို့ကျတော့ မကြိုက်သလဲ။

စကားမစပ်... Yale University, Princeton University ဆိုတဲ့ ကမ္ဘာကျော်ကျောင်းကြီးတွေလဲ ခရစ်ယာန်ဓမ္မကျောင်းက စလာတာပါနော်။

No comments:

Post a Comment