အာဏာရှင်များသည် အကျိုးတူ နောက်လိုက်အမာခံများ ရှိခြင်းကြောင့် အာဏာတည်နေခြင်း ဖြစ်သည်။ အာဏာရှင်များ အတွက် အလိုအပ်ဆုံး အရာမှာ အာဏာတည်မြဲဖို့သာ ဖြစ်သည်။ အာဏာတည်မြဲဖို့ မည်သည့် နည်းမဆို လက်တွန့်မနေတော့ပေ။ သူတို့ အဓိက သုံးတတ်သော နည်းစနစ်မှာ နောက်လိုက်များ အပေါ် မဟုတ်မမှန် ၀ါဒမှိုင်းတိုက်ပြီး အုပ်ချုပ်ခြင်း ဖြစ်သည်။ ကိုယ်ပိုင်အကျိုးကို နိုင်ငံ့အကျိုး ဖြစ်သ
ယောင် ပြောသည်၊ ကိုယ်ပိုင်အာဏာ ကို နိုင်ငံ့ အချုပ်အချာ အာဏာ ဖြစ်သယောင် ဟောသည်။ ကိုယ့်သိက္ခာကို နိုင်ငံ့သိက္ခာဟု သုံးနှုန်းသည်။ ကိုယ့်ကို ဝေဖန်ရင် နိုင်ငံတောင်ကို ဝေဖန်သယောင် ပြောတတ်လေသည်။
No comments:
Post a Comment