Pages

Friday, December 6, 2013

ခရစ္စမတ် ကို တော်လှန်ရေး အမြင်ဖြင့် ရှုမြင်ခြင်း



တော်လှန်ရေး ဆိုတာ ဖိနှိပ်သူ လူတန်းစား ရှိနေလို့ ဖြစ်လာရတာချည်းပါ။

ဒါကြောင့် ဖိနှိပ်သူ လူတန်းစား ရှိနေသမျှ တော်လှန်ရေး ဆိုတာလဲ ရှိနေအုံးမှာပဲ။

ဖိနှိပ်သူ လူတန်းစား ဆိုတာလဲ ပုံစံအမျိုးမျိုးပြောင်းတတ်ကြပါတယ်။ ဒါကြောင့် တချို့က တော်လှန်ရကောင်းမှန်းတောင် မသိလိုက်တာတွေအများကြီးပါ။

ဥပမာ...

မြန်မာပြည်မှာ စစ်အစိုးရ ကို တော်လှန်ရကောင်းမှန်းမသိသေးတဲ့ လူတန်းစား ရှိနေတာ မြန်မာပြည်ရဲ့ဒုက္ခထဲက တခု အပါအ၀င် ပါ။ အခုဆိုရင် ပိုဆိုးပြီ။ စစ်အစိုးရ ခေတ်မဟုတ်တော့ဘူး ဆိုတဲ့လူတွေက ဒီမိုကရေစီကို ကြိုက်တဲ့လူတွေ၊ တဲ့။

အဲဒါကြောင့် ပညာရှင်တွေကပြောတယ်...

"မသိခြင်းကို မသိခြင်းက ပိုဆိုးစေတယ်"... တဲ့။

ရှေး ဂရိ အတွေးခေါ်ပညာရှင်တွေ ဖြစ်တဲ့ ဆိုကရေးတီး၊ အရစ္စတိုတယ်လ် တို့ဟာ သူတို့ခေတ်ကာလက အုပ်ချုပ်သူ လူတန်းစားကို ဝေဖန်လို့ အချုပ်ချထားခြင်းခံရတယ်။ နောက်ဆုံး အသတ်ခံရတယ်။
သခင်ယေရှုက သူ့ခေတ်ကာလက သြဇာအရှိန်အ၀ါ ကြီးမားတဲ့ ဘာသာရေး ဆရာတွေရဲ့ အဂတိအမှားများကို ထောက်ပြလို့ အသတ်ခံရတယ်။
တောင်အာဖရိက သမ္မတ နယ်လ်ဆင်မင်ဒေးလား လဲ ထောင် နန်းစံ ခဲ့ရပါတယ်။
အမေရိက မှာ လူမည်းများရဲ့ အခွင့်အရေး ကို တောင်းခဲ့တဲ့ မာတင်လူသာကင်းလဲ လုပ်ကြံခံရပါတယ်။

ဟစ်တလာ ကို ဝေဖန်ခဲ့တဲ့ ဂျာမန်လူမျိုး ခရစ်ယာန် ဓမ္မပညာရှင် Dietrich Bonhoeffer လဲ အထိန်းသိမ်းခံရပြီး နောက်ဆုံးအသတ်ခံရတယ်။

ဒီတော့ တော်လှန်ရေး လုပ်သူတွေရဲ့ လမ်းခရီးဟာ အမြဲတမ်း ချောမွေ့နေတာတော့ မဟုတ်ခဲ့ပါ။ ကြမ်းတမ်း၏၊ ခက်ခဲ၏၊ သို့သော် မလုပ်လို့မရ။ ကိုယ့်ဝမ်းစာလောက်ပဲ ကြည့်မယ် ဆိုရင်တော့ နေပါ့စေပေါ့။ သို့သော်.. လူမျိုးတကာအတွက် အသက်စွန့်ရဲတဲ့လူဟာ မြင့်မြတ်ခြင်း ဆိုတဲ့ ဆုကိုရတတ်ပါတယ်။ ဒါပေမယ့် သူအသက်ရှင်နေတဲ့ကာလမှာတော့ ဟုတ်ချင်မှ ဟုတ်မယ်။ အသက်ရှင်စဉ်မှာ သိပ်ပြီး ချီးမြောက်ခံရရင် အမှားများတတ်ပါတယ်။

ခရစ္စမတ်ဟာလဲ အဲလို တော်လှန်ရေးသမား တစ်ယောက် မွေးပွါးခြင်း ဖြစ်တယ်။ ဒါပေမယ့် သြဇာအရှိန်အ၀ါ ကြီးသူတွေအတွက်တော့ မဟုတ်၊ အဖိနှိပ်ခံလူတန်းစားများအတွက်ပဲ ဖြစ်ပါတယ်။

တရားမျှတခြင်းရဲ့ သခင် မွေးနေ့ဟာ ခရစ္စမတ် ပါပဲ။

မျော်လင့်နေပါတယ်....

No comments:

Post a Comment