Pages

Tuesday, June 17, 2014

လေယဉ်ပျက်ကျတာ ကချင်တွေနဲ့ မဆိုင်ဘူးလား

မကွေးတိုင်း နင်းကြမ်းကျေးရွာ အနီးမှာ M29 တပ်မတော်တိုက်လေယာဉ်တစ်စီး လေ့ကျင့်ရေးပြုလုပ်နေစဉ် ပျက်ကျသွားကြောင်း သိရပါတယ်။

M29 ဆိုတော့ ကာလ တန်ဖိုး အားဖြင့် အမေရိကန် ဒေါ်လာ ၂၉ သန်း (သိန်း ၂၉ ၀) တန်တယ် လို့ပြော ကြပါတယ်။ မြန်မာ ကျပ်ငွေ သိန်း ပေါင်း သုံးသောင်း နီးပါး ပေါ့။ 

ဒူဝါ လဲ မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ထားသူ ဆိုတော့ အမှန် ဆိုရင် ၀မ်းနည်းရမှာ ပါ။ ဒါပေမယ့် ဘာလို့လဲ မသိ၊ သတင်း ကြားကြားချင်း ၀မ်းသာ နေတယ်။

အမှန်ဆိုရင် ငါတို့ရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အငတ်ခံပြီး ၀ယ်ထားတဲ့ ပစ္စည်း ဆုံးရှုံးရတာ ၀မ်းသာ စရာလား။

ဒီလို ဖြစ်လာရခြင်းသည် အဲဒီလို တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ၀ယ်ဖို့ မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့ ကချင်လူထုကို ကိုယ်စားပြုတဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်ဆုံးဖြတ်ခွင့် မရှိခဲ့တာ အမှန် ပါ။

ကချင်ပြည်နယ်က တန်ဖိုးရှိတဲ့ ကျောက်မျက် ရတနာ တွေသာ ယူသွားတယ်။ ကချင်တွေကို ပြန်ပေးတာ အဲဒီ လေယဉ်က ကျဲချခဲ့တဲ့ ဗုန်းတွေပါ။

နောက်ပြီး ပိုဆိုးတာက မြန်မာနိုင်ငံသား ကချင်လူထု ကို အဲဒီ စစ်လေယဉ်တွေနဲ့ ဗုန်းကျဲခဲ့တယ်။ ရွာပေါင်း ၂၀၀ ကျော် ပျက်စီး အောင် လုပ်နိုင်ခဲ့တယ်။

ဇွန်လ ၉ ရက်နေ့မှာ တကျော့ပြန်စစ်ပွဲသုံးနှစ် ပြည့်တဲ့ နောက်နေ့မှာပဲ ၁၇(၁) အမှုနဲ့ ဖမ်းထားတဲ့ ကချင် စစ်ပြေးဒုက္ခသည်တွေကို နှစ်ရှည် ထောင်ဒဏ်ချ ခဲ့တယ်။ အဲဒီ နေ့မှာပဲ သူတို့က စစ်ပွဲလေ့ကျင့်တယ်။

ဒီတော့ ဒီလို ဖြစ်လာရပါတယ်။

No comments:

Post a Comment