Pages

Tuesday, June 17, 2014

မြန်မာ့ အပြောင်းအလဲ

ဒီနေ့ မြန်မာပြည် အပြောင်းအလဲ ဖြစ်နေပြီ တဲ့။

ဘယ်နေရာလဲ တော့ မသိသေးဘူး.. 

လောလောဆယ် ကြားနေရတဲ့ သတင်းတွေကတော့

(၁) ၁၇ (၁) နဲ့ ဖမ်းထားတဲ့ ကချင်တွေ နှစ်ရှည် ထောင်ဒဏ် တဲ့။
(၂) နိုင်ငံခြားက ပြန်လာတဲ့ အစိုးရကို ဝေဖန်တဲ့ မြန်မာနိုင်ငံသားဟောင်း တွေ ပြည်ဝင်ခွင့်ဗီဇာ မရဘူး တဲ့။
(၃) မီး မမှန်သေးဘူးတဲ့။
(၄) အစိုးရ ၀န်ကြီးတွေ သတင်းစာ ရှင်းလင်းပွဲ မတက်ရဲ တော့ဘူးတဲ့။
(၅) သတင်းထောက်တွေကို ထောင်ဒဏ်ချလိုက်ပြီတဲ့။
(၆) အစိုးရ နဲ့ သိပ်မတည့်တဲ့ ဘုန်းကြီးကျောင်း အပိတ်ခံရတယ် တဲ့။
(၇) ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ် တဲ့။
(၈) အစိုးရ သစ်တက်လာပြီး နောက်ပိုင်း နိုင်ငံတကာက ကူညီနေတဲ့ ဒုက္ခသည်အသစ် စာရင်း သိန်းချီရှိနေပြီတဲ့။
(၉ ) ကားလိုင်စင် ပါမစ် ဈေးကွက် ရှိနေတယ် တဲ့။
(၁၀) လုပ်ငန်းလိုင်စင် အားလုံးအတွက် နေပြည်တော် အထိ သွားနေရတုန်း တဲ့။
(၁၁) နိုင်ငံခြားလုပ်ငန်း ကုမ္ဗဏီ တချို့ အစိုးရ ရဲ့လုပ်ထုံး လုပ်နည်းမှာ အထာ မကျ လို့ တပ်ခေါက်ပြန်ရတယ်တဲ့။
(၁၂) ပြည်သူတွေက အခြေခံ ဥပဒေ ပြင် ဖို့ လိုလား တယ် ဆိုပေမယ့် အစိုးရ မကြိုက်ရင် လုပ်လို့ မရဘူး ဆိုပဲ။

အေး... တခုတော့ ရှိတယ်..

၁၅၀၀ ကျပ်တန် ဖုန်းကပ် ထုတ်ပေးတယ် တဲ့။ မြန်မာပြည်သားတွေ ကျေးဇူးတင်လို့မဆုံး... လုယူကြလို့ မဲနှိုက်ရတယ် ဆိုပဲ။ သူများနိုင်ငံက ဖုန်းတွေများ လိုင်းမကောင်းလို့ ယူမဲ့လူ မရှိုလို့လား မသိ ပရိုမိုးရှင်း တောင် လုပ်ရောင်းရတယ်။ မြန်မာနိုင်ငံက ဖုန်းကတော့ ပရိုမိုးရှင်း မလို.. မဲတောင် နှိုက်ယူရတယ်။ လိုင်းကောင်းတာ မကောင်းတာ သူတို့နဲ့ မဆိုင်။

အဲဒါ မြန်မာ့ အပြောင်းအလဲ ပဲ။

No comments:

Post a Comment