Pages

Tuesday, June 17, 2014

ခလုတ်ထိမှ အမိတ

ရန်ကုန်က ဘုန်းကြီးကျောင်းတကျောင်းကို ၀ိုင်းသမကြတယ်။ ပွက်လောရိုက်နေတယ်။
ကချင်ဒေသ တကျော့ပြန်စစ်ကာလအတွင်းမှာ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ၆၅ ကျောင်း လုံးဝဖျက်ဆီး ခံခဲ့ရတယ်။ ရွာပေါင်း ၂၂၃ ရွာ လုံးဝ လူနေလို့ မရအောင် ဖျက်ဆီးထားတယ်။ အဲဒီရွာတိုင်းမှာ ဘုရားကျောင်းရှိတယ်။ အဲဒီရွာတွေမှာ တပ်မတော်က ကိုယ့်အိမ်ကိုယ့်ယာလို ၀င်နေတယ်။
လယ်တီသိမ်ကို ဖျက်ဆီးလိုက်တယ်။ ပွက်လောရိုက်တယ်။
ခရစ်ယာန်တွေရဲ့ ဆုတောင်းတောင်ကို စစ်တပ်ကုန်း လုပ်ထားလိုက်တယ်။
ဟုတ်ကဲ့။။။ ဗမာ Buddhist တွေလည်း ခံရတာဘဲ။ ဒါပေမဲ့ ပမာဏက ၁း၁၀၀ မက ကွာခြားနေတယ်။
ဒါကိုထောက်ပြတာနဲ့ဘဲ “သွေးခွဲတယ်” ပြောပြီး စွပ်စွဲပြီး ”ဖယ်ဒရယ်ကို ရပါလိမ့်မယ် အားကြီးကြီး” လို့ လာပြီး ထေ့လိုက် ငေါ့လိုက် ခလုတ်တိုက်နေပြန်ရော။
ဟုတ်ကဲ့... ဖယ်ဒရယ် ဆိုတာ တန်းညှိတာပါ။ ဘယ်ဘုန်းကြီးကျောင်း၊ ဘယ်ဘုရားကျောင်းမှ မဖျက်ဆီးဘဲ လူတိုင်းကြောက်ရွှံ့မှုကင်းစွာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အာမခံချက် ထားပေးတဲ့ စနစ်ပါ။
ယှဉ်ပြတာကို မခံချင်ရင်တော့ တန်းညှိပါ။ ဖျက်တဲ့ အထဲမှာ ငါ မပါဘူး ဆိုပြီး ထိုင်ကြည့်နေသရွေ့၊ လာဖျက်တဲ့ အထဲမှာ မပါသူများရဲ့ ၁% မရှိတဲ့သူများက သနားသဖြင့် တချက်နှစ်ချက် ထအော်ပေးတာကို ရာသီပေါ် ထအော်ပေးတာကို အားလုံးကို ကိုယ်စားပြုပြီး တာဝန်ကျေပြီ လို့ အော်နေသရွေ့ ဒီ System ကို ရှင်သန်အောင် ပံ့ပိုးနေတာပါဘဲ။
Burmanization ဆိုတာ ...

(Khon Ja ရဲ့ ဖွဘွတ်မှ ကူးယူပါသည်။)

No comments:

Post a Comment