Pages

Thursday, October 17, 2013

အချုပ်အခြာ အာဏာ ဆိုပြီး လုပ်စား နေသူများ

မြန်မာနိုင်ငံမှာ ခေတ် အဆက်ဆက် လုပ်စားလာတဲ့ အာဏာရှင်တွေက အချုပ်အခြာ အာဏာ ဆိုတဲ့ ခေါင်းစဉ် နဲ့ ပါ။

အချုပ်အခြာ အာဏာ ကို ထိပါးလို့ မရဘူး... အချုပ်အခြာအာဏာ ကို ကာကွယ်ရမယ် လို့ ပြောတတ်ကြပါတယ်။

ကချင်တွေ အပါအ၀င်၊ တိုင်းရင်းသားအားလုံး.. အချုပ်အခြာအာဏာ ပိုင်ရှင်တွေ ဖြစ်တယ် ဆိုတာ တခါမှ သတိရဟန်မရှိပါဘူး။

အချုပ်အခြာ အာဏာ ဆိုတာ ပြည်သူတွေက ဆင်းသက်လာတာ ဖြစ်တယ်။ အဲဒီ အာဏာကို သေနတ် နဲ့ ပြန်ပေးဆွဲထားတာ။ အဲဒါကို အာဏာ လို့ ပြောပါတယ်။ ဒီတော့ အာဏာ ရှင်လို့ ပြောပြန်လဲ မကြိုက်။

ဒီတော့... အခုလဲ
အချုပ်အခြာအာဏာ ကို ဘယ်သူ ပိုင်သလဲ ဆိုတာ ရဲရဲ စဉ်းစား ရမယ်။ ရဲရဲ တွေးရမယ်။ စစ်တပ် တခုပဲ ပိုင်တာ မဟုတ်ဘူး။ အချုပ်အခြာအာဏာ ဆိုတာ ကချင်ပြည်နယ်မှာ ကချင်တွေ ပိုင်သင့်သလို... ရခိုင်ပြည်နယ်မှာ ရခိုင်တွေ ပိုင်သင့်တယ်။ ဗမာပြည်မှာ ဗမာတွေ ပိုင်ပေါ့၊ ဘယ်သူမှ မကန့်ကွက်ဘူး။ ပန်ဝါလို ဗမာ မရှိဖူးတဲ့ မြို့လေးမှာ ဗမာ ၀န်ထမ်းခန့်မှ အချုပ်အခြာအာဏာ တည်မယ် လို့ ယူဆ နေသမျှ မြန်မာပြည်ရဲ့ အချုပ်အခြာ အာဏာ ဆိုတာ နေပြည်တော်အစိုးရပဲ ပိုင်တယ် ဆိုတဲ့ သဘော ဖြစ်နေတယ်။

No comments:

Post a Comment