Pages

Saturday, October 26, 2013

မော်တော်ယဉ် တင်သွင်းမှု ပေါ်လစီ ရန်ကုန် တနေရာထဲ မကြည့်ပါနဲ့။

မော်တော်ယဉ် တင်သွင်းမှု သို့မဟုတ် လိုင်စင်ပေးမှု နဲ့ ဆိုင်တဲ့ ပေါ်လစီ ချမှတ်ရာမှာ ရန်ကုန် အခြေအနေ လောက်သာ မကြည့်ပဲ နယ် အသီးသီး မှာ ကိုယ် တတ်နိုင်တဲ့ ယဉ်အမျိုးအစား နဲ့ မော်ဒယ် ၀ယ် သုံး နိုင်အောင် ဖွင့်ပေးထားသင့်ပါတယ်။

လိုင်စင် ပေးတာလဲ အကန့်အသတ်မရှိပဲ ဘယ်အချိန် လာလုပ်လုပ် လုပ်ခွင့်ဖွင့်ထားပေးသင့်ပါတယ်။ ယဉ်ကြပ်တဲ့ မြိုပြတွေအတွက် ကတော့ ဒေသန္တရ အခြေအနေပေါ် မူတည်ပြီးတော့ ယဉ်မ၀င်ရ နယ်မြေတွေ သတ်မှတ်ပါ။ ပြီးတော့ မြို့ဝင် ဘီးခွန် ဆောင်ထားပြီးသား ယဉ် တွေကိုပဲ ယဉ်ဝင်ခွင့် ပေးတာမျိုးတွေနဲ့ ကန့်သတ် နိုင်ပါတယ်။

ဥပမာ တရုတ် နိုင်ငံမြို့ကြီး အချို့မှာ ဟောင်းနေတဲ့ကား၊ မော်ဒယ် အောက်နေတဲ့ ယဉ်တွေ မြို့ထဲ ၀င်လို့ မရပါဘူး။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာ ဘယ်လို ယဉ်အမျိုးအစား ကိုပဲ သုံးရမယ် ဆိုတာ မရှိပါ။ တောရွာ တွေမှာ ဘယ်လောက် ဟောင်းတဲ့ ယဉ်ဖြစ်ဖြစ် လိုင်စင် ပေးတယ်။ သုံးနေကြတယ်။ အဆင်ပြေနေတာပါပဲ။

မြန်မာပြည်တွင်းမှာလဲ နယ်တွေမှာ မော်တော်ကား ကောင်းကောင်း၊ မော်ဒယ်မြင့်မြင့် မစီးရလဲ တတ်နိုင်တဲ့ မော်ဒယ် ရွေးဝယ်လို့ ရမယ် ဆိုရင် လူတိုင်း အဆင်ပြေမှာပါ။ လိုင်စင်မဲ့ ကားတွေ စီးနေတာထက်စာရင် လိုင်စင်လုပ်ခွင့် ဖွင့်ထားပေးပါက အခွန်လဲ ရမယ်၊ ဥပဒေ စိုးမိုးရေးလဲ ပိုရှိလာမှာ ဖြစ်ပါတယ်။

မြန်မာပြည်ဟာ ချမ်းသာတဲ့ နိုင်ငံ မဟုတ်ဘူး ဆိုတာ နိုင်ငံ့ ပေါ်လစီ ဆွဲနေတဲ့ လူကြီးများ သိထားသင့်ပါတယ်။ ဘ၀င်မမြင့်သင့်။

No comments:

Post a Comment