Pages

Monday, November 26, 2012

စစ်ပြေးဒုက္ခသည်များအတွက် လက်ထပ်လက်စွပ် အလှူ။



ဝိုင်းမော်မြို့နယ်၊ ဖုန်မိုင်ယန် ကျေးရွာ နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ အသင်းသား မိသားစု တခုရဲ့ ကချင် စစ်ပြေးဒုက္ခသည်များ အတွက် အလှူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တနဂ်နွေနေ့တနေ့မှာ ဘုရားဝတ်ပြုချိန်အတွင်း၊ ထုံးစံအတိုင်း ကချင်ခရစ်ယာန်ဘုရားကျောင်းတိုင်းမှာ ပြုလုပ်နေကျ အစီအစဉ်ဖြစ်တဲ့ စစ်ပြေးဒုက္ခသည်များအတွက် အထူးအလှူခံခြင်း (ပရိသတ်ထဲကို အလှူပုံး လက်ဆင့်ကမ်းလိုက်ခြင်း) အစီအစဉ်မှာ စာအိတ်တစ်စောင်နဲ့ ဒီလက်စွပ် ပါလာပါသတဲ့။

ဘယ်သူ ဘယ်ဝါ ဆိုတဲ့ နာမည် မရေးထားပဲ၊ ကချင်လို ရေးထားတဲ့ စာကြောင်းရဲ့ အဓိပ္ပါယ်ကတော့...

"ကျုပ်တို့ သားအမိ၊ သားအဖ တွေ အလွန်ဆင်းရဲတော့ ဘာမှ မရှိပါဘူး။ သို့သော်လဲ... ဒို့နှစ်ယောက်ရဲ့ ဒီ လက်ထပ် လက်စွပ်လေးကို အသုံးပြုတော်မူပါ အဖဘုရား.... " တဲ့။

ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်၊ ပြန်ကြားရေးဌာနမှတဆင့်.....

No comments:

Post a Comment