Pages

Tuesday, May 27, 2014

အာဏာသိမ်းခြင်း ထိုင်းနဲ့ မြန်မာ ကွာခြားချက်


ထိုင်းမှာ စစ်အာဏာသိမ်းလိုက်ပါပြီ။

ထူးခြားတာက ပြည်သူတွေ ပျော် နေတာပါ။

နှစ်ရှည်လ များ နိုင်ငံရေး အရှုပ်တော်ပုံ ကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။

ထိုင်းမှာ စစ်အာဏာသိမ်းတာ အခေါက်ခေါက် အခါခါ ရှိခဲ့ ပေမယ့် နိုင်ငံ့ စီးပွါးရေး နဲ့ ပြည်သူတွေရဲ့ အသွားအလာ အနှောက်အယှက် မရှိပါဘူး။ ငွေကြေးဖေါင်းပွမှုလဲ မရှိပါ။ ရေ၊ မီး ပုံမှန် လာတယ်။ လူကြီးခရီးစဉ် ဆိုပြီးလဲ လမ်းမဖယ် ပေးရဘူး။ တိုင်းမှူးလာမယ် ဆိုပြီးလဲ သွားမကြိုရပါဘူး။ မစိုက်မနေရ ဆိုတဲ့ အပင်လဲ မရှိပါဘူး။ စစ်တပ်က မြေသိမ်းတယ် ဆိုတာလဲ မရှိပါဘူး။ အာဏာသိမ်းလို့ ပြည်သူတွေလဲ မသေပါဘူး။



မြန်မာပြည်မှာ သုံးခါ ပဲ စစ်အာဏာ သိမ်းပါတယ်။ ငါးပါး မှောက်တာပါပဲ။ လူတွေသေတာ အသုံးအရုံး.. မြန်မာ ကျပ်ငွေလဲ တစ်ဒေါ်လာ တစ်ရာကျပ် ကနေ တစ်ထောင်ကျပ် ဖြစ်သွားတယ်။ လမ်းသွား လမ်းလာ အစစ်အဆေးကထူ.. ၀ါးတားဂိတ် တွေက မြင်လို့ တောင် မကောင်းခဲ့ပါ။ စစ်သား ရှေ့ ဖြတ်သွားရင် အဆဲခံရမှာ ကြောက်တဲ့ လူက ကြောက်.. ကြက်ဆူပင်စိုက်ပြီး အသီးစားမိလို့ ဆေးရုံရောက်သူက ရောက်.. တိုင်းရင်းသား ဒေသတွေမှာ ဆိုရင် ညတောင် မထွက်ရဲဘူး.. မြေသိမ်းယာသိမ်းက တဖက်.. မိန်းကလေးတွေဆို မဒိမ်းကျင့်ခံရတာ အခုထိ... ပြည်မြို့လို နေရာမှာတောင် စုံတွဲ တစ်တွဲ မဒိမ်းကျင့် အသတ်ခံရတာ အခုထိ အရေးမယူ နိုင်သေး။

အဲဒါ မြန်မာ့ တပ်မတော် နဲ့ ထိုင်း စစ်တပ် ကွာခြားချက် ဖြစ်ပါတယ်။

(ဓါတ်ပုံများ ကို ဧရာဝတီ သတင်း မှ ကူးယူပါသည်။)
  




No comments:

Post a Comment