Pages

▼

Tuesday, May 27, 2014

စနစ် နဲ့ ငြိမ်းချမ်းရေး လဲလှယ်ရပါမည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးစား နေတာ တွေ့ရပါတယ်။ ဒီအထဲမှာ ဒေါ်စု သမ္မတ ဖြစ်ရေး မဖြစ်ရေး ထက် ပြည်သူက ရွေးကောက်တင်မြောက်တဲ့ သမ္မတ အစစ်အမှန် နေရာရရေး က ပိုအရေးကြီးတာပါ။ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ တောင်းဆိုနေတာလဲ အဲဒီ စနစ် ပါပဲ။ ဒါပေမယ့် လူနည်းစု အစိုးရက တိုင်းရင်းသား ဒေသ တွေပါ မကျန် စီမံကွပ်ကဲ နေတဲ့ စနစ် ကို တော့ တိုင်းရင်းသားတွေက လုံးဝ ကြိုက်တာ မဟုတ်ပါ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့လဲ ဒီအချက်ကိုတော့ မမေ့ထားသင့်ပေ။

ကချင်တွေ ခေါင်းမာ တယ်တဲ့။

မနှစ်က တောင်ကြီးသွားတော့ ဟဲဟိုး လေဆိပ်မှာ ဆင်းဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပြည်တွင်းလေဆိပ် ထုံးစံ အတိုင်းပေါ့ ပစ္စည်းသယ်ခ ဆိုပြီး တောင်းလေ့ရှိတယ်။ တစ်အိတ်ကို ငါးရာ၊ တစ်ထောင် ဆိုပြီး လူပုံအလည်မှာ တောင်းနေကြတာပါ။ တူညီ ၀တ်စုံ ၀တ်ထားတဲ့ လူတွေကြီးပါပဲ။ 

ဒူဝါ ကို ပအို့ တိုင်းရင်းသားလို့ ထင်ရတဲ့ သုံးဘီးဆိုင်ကယ် မောင်းသမားက လေဆိပ်အထွက်မှာပဲ သူ့သုံးဘီးငှားဖို့ တစာစာ တောင်းဆိုနေတာနဲ့ တောင်ကြီးသွားဖို့ ဈေးညှိလိုက်တယ်။ အိတ်ထုတ်ရအုံးမယ် လို့ ပြောတော့ သူထုတ်ပေးမယ် ပေါ့။

ဒါနဲ့ အတူစောင့်နေကြတယ်။ အိတ်တွေသယ်လာတဲ့ လက်တွန်းလှည်း အပြည့် ထွက်လာပါပြီ။ 

အာဏာသိမ်းခြင်း ထိုင်းနဲ့ မြန်မာ ကွာခြားချက်


ထိုင်းမှာ စစ်အာဏာသိမ်းလိုက်ပါပြီ။

ထူးခြားတာက ပြည်သူတွေ ပျော် နေတာပါ။

နှစ်ရှည်လ များ နိုင်ငံရေး အရှုပ်တော်ပုံ ကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။

ထိုင်းမှာ စစ်အာဏာသိမ်းတာ အခေါက်ခေါက် အခါခါ ရှိခဲ့ ပေမယ့် နိုင်ငံ့ စီးပွါးရေး နဲ့ ပြည်သူတွေရဲ့ အသွားအလာ အနှောက်အယှက် မရှိပါဘူး။ ငွေကြေးဖေါင်းပွမှုလဲ မရှိပါ။ ရေ၊ မီး ပုံမှန် လာတယ်။ လူကြီးခရီးစဉ် ဆိုပြီးလဲ လမ်းမဖယ် ပေးရဘူး။ တိုင်းမှူးလာမယ် ဆိုပြီးလဲ သွားမကြိုရပါဘူး။ မစိုက်မနေရ ဆိုတဲ့ အပင်လဲ မရှိပါဘူး။ စစ်တပ်က မြေသိမ်းတယ် ဆိုတာလဲ မရှိပါဘူး။ အာဏာသိမ်းလို့ ပြည်သူတွေလဲ မသေပါဘူး။

တကျော့ပြန် စစ်ပွဲ ကန့်ကွက်သံများ...

ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲ ရပ်ဖို့ တောင်း ဆိုတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း တွေပါ။ သူတို့ အားလုံး မြန်မာနိုင်ငံသားများ ဖြစ်ကြပါတယ်။ ဒါနဲ့ နွားနို့ သမ္မတ က ပြည်သူ တောင်းဆိုသံ နားထောင် တယ် ဆိုလား.. ဒီနေရာမှာ တော့ ငြိမ်နေတယ်နော်.. 

1. ကချင်ငြိမ်းချမ်းရေးကွန်ရက်
2. ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ရက်
3. ဗေဒါအင်စတီကျူ (BAYDA Institute)
4. ဗေဒါအဖွဲ့များ
5. Green Myanmar Environment and Social Network
6. စစ်ကိုင်းဒေသလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် (SRFDN)
7. Civil and Political Rights Campaign Group