Pages

▼

Thursday, April 3, 2014

ရှိခြင်းတရား ယိုယွင်းနေတဲ့ ပြည်မြန်မာ

အရှိကို အရှိအတိုင်း မြင်ခြင်း ဆိုတာ လောကပါလ တရား ဖြစ်ပါတယ်။
ရှိခြင်းတရား ကို ငြင်းပယ်ပြီး မဟုတ်မမှန်တရားက နိုင်နေတယ် ဆိုရင် အဲဒီ လူ့အဖွဲ့အစည်းနဲ့ ထူထောင်ထားတဲ့ နိုင်ငံဟာလဲ အလိုလို တခုပြီးတခု ယိုယွင်းလာတာပါပဲ။

အရင်တုန်းကတော့ ဘာဖြစ်ဖြစ် ဗမာ စစ်ခေါင်းဆောင်များကို အပစ်ပုံချစမြဲပါ။ အခုတော့ စစ်ခေါင်းဆောင်တွေသာ မကပဲ မြန်မာပြည်သား တော်တော်များများကလဲ ရှိခြင်းတရားကို ငြင်းပယ်တဲ့ နေရာမှာ တော်တော်လေး အသားကျနေပြီပဲ၊ ဆိုတာ သိလိုက်ရပါတယ်။

ဗုဒ္ဓ တရားတော်မှာ ကံ၊ ကံ၏အကျိုး ဆိုတာ ရှိပါတယ်။ ကံ ဆိုတာ အလုပ်၊ ကိုယ်လုပ်လို့ ကိုယ့်ဆီပြန်လာတယ်၊ ဆိုတဲ့ သဘောတရားပါ။ အဲဒါကို ၀တ်လည်တယ် ဆိုပြီး လွယ်လွယ် ပြောတတ်ကြပါတယ်။

ခရစ်တော်ဟောခဲ့တဲ့ တရားမှာလဲ “ကိုယ်စိုက်သည့်အတိုင်း ရိတ်ရမယ်” ဆိုတဲ့ တရားတော် ရှိပါတယ်။ အဲဒါလဲ ၀တ်လည်တာနဲ့ အတူတူပါ။

"သိပ်လည်း ဘ၀င်မမြင့်ကြပါနဲ့"

 By Kogyimind Mind

ပြည်တွင်းမှာ နေနေတဲ့ သူတော်တော်များများက
ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိနေတယ်ထင်ကြတယ်။
ဘာကြောင့်ဆိုတော့ သူတို့ဟာ ဒေါက်တာ ဆွန်ယက်ဆင်၊ ဟိုးဆေးရီးဇော်၊ ဟိုချီမင်း၊ ဂန္ဒီ၊ ချေဂွေဗားရား တို့အကြောင်းမသိကြတော့ နိုင်ငံတိုင်းမှာ ရှိတဲ့ သူရဲကောင်းတွေကို လေးစားရကောင်းမှန်းမသိကြဘူး။

လေယဉ်ပေါ်ကနေ မြန်မာပြည်ကို မမြင်ဘူးတော့
အခုချိန်ထိ Golden Land ဆိုပြီး ဘ၀င်မမြင်ပါနဲ့။ တောတွေပြုန်းပြီး မီးလောင်ပြင်လိုဖြစ်နေတဲ့ လွင်ပြင်၊ တောင်တန်းတွေကိုမှ သူတို့မမြင်ဘူးကြပဲ။

တမလွန်အတွက် ပြင်ဆင်တဲ့အလေ့အကျင့်တွေ ထုံနေတဲ့ ထမင်းရေ၊ ချောင်းစီးအလှူကြီးမျိုးတွေကိုပဲ မြင်ဖူးပြေီး ဘ၀င်မြင့်မနေပါနဲ့။ ကမ္ဘာ့သူဋ္ဌေးသူကြွယ်ကြီးတွေရဲ့ ကိုယ်ကျိုးမဖက် ပရဟိတသက်သက်လှူဒါန်းမှုတွေကို အသိအမှတ်ပြုရကောင်းမှန်းမသိကြဘူး။