Pages

Monday, February 17, 2014

Independence ဆိုတာ ဗုဒ္ဓ တရား ဖြစ်တယ်။


ကိုယ့်ကိုကိုယ်သာ အားကိုးရာ ဆိုတဲ့ တရားဟာ ဗုဒ္ဓတရားတော် ဖြစ်တယ် ဆိုရင် Independence ဆိုတဲ့ အမှီအခိုကင်းတဲ့ဘ၀ ကို တောင်းနေတဲ့ လူမျိုးတွေကို ဗုဒ္ဓဘာသာဝင်စစ်စစ်တွေ သဘောမတူနိုင်စရာ အကြောင်းမရှိ။

KIA ရဲ့ အရှည်က (မသိသူများအတွက်) Kachin Independence Army လို့ခေါ်တယ်။ Independence ဆိုတာ dependence (မှီခို) ရဲ့ ဆန့်ကျင်ဖက် စကားလုံးပါ။

ကချင်တွေ တောင်းနေတာ ရိုးရိုးလေး၊ အောက်ပြည်က လူတွေကို အားမကိုးပဲ ရပ်တည်ဖို့ ဖြစ်တယ်။

အဲဒါကြောင့်

ဝန်ချီး အုန်းမြင့် ပြောသလို မြန်မာပြည်တ၀န်းက ကျေးရွာတိုင်းက ကျောင်းတွေ၊ ရေတွင်း တွေကို ၀န်ချီးက လာလုပ်ပေးဖို့မဟုတ်။ အဲဒီ ကျေးရွာသူ၊ ကျေးရွာသားများကို လုပ်ပိုင်ခွင့် ပေးဖို့ပဲ အရေးကြီးတာပါ။

ဒီလို ပြောလိုက်ရင် အဲဒီ အသေးအဖွဲအလုပ်လေးတွေကအစ အစိုးရ မလုပ်ခိုင်းဘူး ဆိုပြီး ပြောတယ် ထင်နေအုံးမယ်။

ဆိုလိုချင်တာ အာဏာ ဖြစ်တယ်။

အောက်ခြေအဆင့်အထိ လုပ်ပိုင်ခွင့် အာဏာ ပေးဖို့ ဖြစ်တယ်။

မြစ်ကြီးနားက စည်ပင်သာယာခွန်၊ ကချင်ပြည်နယ်က ထွက်တဲ့ သယံဇာတခွန်တွေကို ကိုယ့် ပြည်နယ်၊ ကိုယ့်မြို့နယ် အစိုးရ က လွတ်လွတ်လပ်လပ် စီမံခန့်ခွဲပိုင်ခွင့်ပဲ ဖြစ်တယ်။ နေပူတော်အစိုးရက ဘက်ဂျက်ထုတ်ပေးမှ၊ နယ်လှည့်ပါးရိုက်တဲ့ ၀န်ချီးက သူ့ ကိုယ်ပိုင် အိတ်ကပ်ထဲက စိုက်ထုတ်သလို လာကြွားဖို့မဟုတ်ဘူး။ အဲဒါ ပြည်သူ့ ဘဏ္ဍာ ဖြစ်တယ်။

ပြည်သူ့ ဘဏ္ဍာ ကို ပြည်သူတွေ ကိုယ်တိုင် စီမံပိုင်ခွင့်ပဲ ဖြစ်ပါတယ်။

အဲဒါမှာ ကိုယ့်ကိုကိုယ်သာ အားကိုးရာ ဆိုတဲ့ တရားသဘောနဲ့ ညီပါတယ်။

ဗုဒ္ဓဘာသာ နိုင်ငံကို ဗုဒ္ဓတရား ပြန်ဟောနေရတာ သိပ်တော့မဟန်ဘူး။

1 comment:

  1. 2014 Census နဲ့

    http://atsammarai.blogspot.com/2014/02/2014-census-kachin.html?m=1

    ReplyDelete