Pages

Tuesday, February 25, 2014

ချင်းတောင်က အဖြစ်အပျက်

ချင်းပြည်နယ်မှာ တဲ့။

ကရင်ဓမ္မဆရာ တစ်ပါး ချင်းခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းမှာ ဗမာလို တရားဟောရတယ်။

ချင်း ဆရာ တစ်ပါးက ချင်းလို ဘာသာပြန်ပေး သတဲ့။ (သက်ကြီးရွယ်အို တော်တော်များများက ဗမာ စကားမတတ်ကြဘူး။)

ဒါနဲ့ ချင်း ဆရာ ကလဲ ဗမာ စကား ကို ချင်း လို ဘာသာပြန်တာ တိုက်ရိုက် အသုံးအနှုံးတွေ သိပ် မရဘူး။ 

တနေရာမှာတော့ ကရင်ဆရာကပြောတယ်။

"ကောက်ကျစ် တယ် ဆိုတာ ဘုရား အလိုတော်နဲ့ မညီဘူး။"

လို့ ပြောလိုက်တယ်…

ချင်း ဆရာကလဲ “ ကောက်ကျစ်“ ဆိုတာကို ချင်းလို ဘယ်လို ဘာသာပြန်ရမှန်းမသိတော့ဘူး… ဒါနဲ့

“ဗမာ စိတ်ဓါတ်မျိုးဟာ ဘုရားအလိုတော်နဲ့ မညီဘူး၊“ ဆိုပြီး ဘာသာပြန်လိုက်တော့ အားလုံး သဘောပေါက်သွား သတဲ့။

2 comments:

  1. တော်တော် နောက်တဲ့လူ :)

    ReplyDelete
  2. du wa e ngai na blog atsammarai.blogspot.com de ma sa du chyai rit yaw

    ReplyDelete