Pages

Saturday, October 26, 2013

သက်တန့်ရောင် ဘာဖြစ်လို့ လှနေသလဲ...

အရောင်စုံလို့ လှတယ် လို့ ပြောကြပါတယ်။

မူကြိုကလေးတွေရဲ့ အကြိုက်လဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကလေးတွေဟာ ဖြူစင်တယ်။ သူတို့မှာ စစ်မှန်တဲ့ စိတ်သဘောထားရှိတယ်။ အရွယ်ကြီးလာလေ အရောင်စုံတာ မကြိုက်လေ ဖြစ်တတ်တယ်။ တဲ့။ အဲဒါ အရောင်တခုခု ကို အကြိုက်တွေ့လာလို့လဲ ဖြစ်ပါတယ်။

အရောင်တွေစုံတယ်၊ တရောင်နဲ့ တရောင်ကြား ညီမျှမှု (Harmony) ရှိတယ်။ အဲဒါ သက်တန့်ရဲ့ ငြိမ်းချမ်းခြင်း လက္ခဏာ ပါ။

အဲဒါကြောင့် ဒီနေ့ ခေတ်သစ် ကမ္ဘာမှာ ပညာရှင်တွေ ပြောနေတာက ကမ္ဘာမြေလှပ စေဖို့ အရောင်တွေ စုံတဲ့ Unity in Diversity သဘောတရားကို လက်ခံရမယ်၊ လို့ ဆိုပါတယ်။ တစ်ရောင်ထဲ ထီးထီးရှိခြင်း Uniformity သဘောတရား မဟုတ်ပါ။

မြန်မာပြည်ကြီးရဲ့ ပြဿနာ ကတော့ Uniformity သမားတွေ ကြောင့်ပါ။ ကိုယ့်အရောင်နဲ့ မတူရင် ကိုက်မယ် ဖဲ့မယ်... တိုက်မယ် သတ်မယ်.. ခုတ်ဟေ့.. ချဟေ့.. ဆိုတဲ့ သဘောတွေ ကြောင့် ဖြစ်ပါတယ်။

မတူညီတဲ့ သဘောတရား၊ ဘာသာတရား၊ ယဉ်ကျေးမှု၊ လူမျိုး၊ အသားအရောင် အားလုံးကို လေးစား တတ်တဲ့ စိတ်ထားဟာ သက်တန့် ရောင်ဝါဒ ဖြစ်ပါတယ်။ အဲဒါဟာ ငြိမ်းချမ်းခြင်း ရဲ့ ဇစ်မြစ်ပါပဲ။

No comments:

Post a Comment