Pages

Wednesday, September 18, 2013

နယ်မြေရှင်းလင်းရေး ဆိုတာ တိုင်းရင်းသား ဒေသခံ မောင်းထုတ်ရေးလား။

အခုတလော တိုင်းရင်းသား ဒေသ (အပစ်ရပ်ထားတဲ့နေရာ အပါအ၀င်) တွေမှာ ခေတ်စားလာတာကတော့ ဗမာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ နည်းမျိုးစုံသုံးပြီး ဒေသခံတွေ နေရခက်အောင် လုပ်တဲ့ နည်း ဖြစ်ပါတယ်။

ပြည်တွင်းစစ် စောင့်ကြည့်လေ့လာတဲ့ ပညာရှင်တွေရဲ့ အဆိုအရ၊ နယ်မြေရှင်းလင်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်ပြေးဒုက္ခသည် ပိုများလာတယ် လို့ ဆိုပါတယ်။

ပိုမိုပြတ်သားတဲ့ စကားနဲ့ ပြောမယ် ဆိုရင် နယ်မြေရှင်းလင်းရေး ဆိုတာ ဗမာလူထုကို မောင်းထုတ်တာတော့ မဟုတ်ပါဘူး။ အများအားဖြင့် တိုင်းရင်းသား ဒေသတွေမှာပဲ လုပ်နေကျ ဆိုတော့ တိုင်းရင်းသား ဒေသခံတွေပဲ မောင်းထုတ်ခံနေရတာ ဖြစ်ပါတယ်။

ပြည်သူအတွက်လို့တော့ ဆိုတာပဲ၊ ဒါပေမယ့် ဒေသခံတွေက ဗမာ စစ်တပ်ကိုပဲ ကြောက်နေရတာ အမှန်ဖြစ်ပါတယ်။

ဒီတော့ ဘယ်က ပြည်သူတွေအတွက်လဲ? တိုင်းရင်းသားဒေသခံ တွေအတွက် ဆိုရင်တော့ ဗမာ စစ်တပ် မရှိတာက သူတို့အတွက် အငြိမ်းချမ်းဆုံးပါ။ အပျော်ဆုံး လို့ ဆိုနိုင်ပါတယ်။

ပူတာအို ဒေသ မှာ ဟိုး ခေတ်အဆက်ဆက် ရှမ်း နဲ့ ကချင်မျိုးနွယ်စုများသာ နေထိုင်တဲ့ နေရာ ဖြစ်ပါတယ်။ ဗမာအစိုးရ မရောက်ခင်အထိ (လွတ်လပ်ရေး ရပြီးမှ ဗမာရောက်တာဖြစ်တယ်။) အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း၊ ခိုးဆိုးလုယက် ဒမြတိုက်ခြင်း၊ အချင်းချင်း အနိုင်ကျင့်ဗိုလ်ကျခြင်း ဆိုတာ မရှိဖူးပါဘူး။ ဗမာ အစိုးရ ရောက်ပြီး နောက်မှ ဒုက္ခမျိုးစုံ ဖြစ်လာရပါတယ်။ (ကေအိုင်အေ မရှိခင်ကစလာတဲ့ ဒုက္ခ ကို ပြောတာပါ။)

အခု နောက်ဆုံး နယ်မြေရှင်းလင်းရေး လုပ်တဲ့နေရာဖြစ်တဲ့ အင်ခန်ဂါး ဆိုတဲ့ ပတ်ဝန်းကျင် နယ်မြေမှာ ခေတ်အဆက်ဆက် နေထိုင်လာတဲ့ ဒေသခံ ရွာသားတွေ ထွက်ပြေးနေရပါတယ်။ တချို့ပျောက်နေတယ်၊ တချို့ ညှဉ်းပန်းနှိပ်စက်ခံရပြီး၊ တချို့ အသတ်ခံရတယ်။ ဘယ်က ပြည်သူအတွက် နယ်မြေရှင်းလင်းရေး လုပ်တာလဲ။ ဘယ်သူ့အကျိုးအတွက်လဲ။

No comments:

Post a Comment