Pages

Tuesday, July 9, 2013

၂၀၀၈ ကတည်းက ပြဋ္ဌာန်းထားတဲ့ အခြေခံ ဥပဒေ ကို မွန် ပြည်နယ် ၀န်ကြီးတွေ မဖတ်။


"အရင်တုန်းက အစိုးရ အဖွဲ့တွေ အနေနဲ့ ကိုယ့် လုပ်ပိုင်ခွင့်က ဘာမှန်းမသိဘဲ နှစ်နှစ်လောက် ငုတ်တုတ်ထိုင်နေရတယ်။" လို့ မွန်ပြည်နယ် အစိုးရ၀န်ကြီး တစ်ယောက်က ပြောတယ် ဆိုတော့.... ဒီလူတွေ အခြေခံ ဥပဒေ တောင် မဖတ်ပဲ အုပ်ချုပ်နေတာ သိသာတာပေါ့။

၂၀၀၈ အခြေခံ ဥပဒေ အရ ဗဟိုချုပ်ကိုင်မှုကို လျော့ချ တယ် တဲ့။ မြန်မာ့ ကြံ့ဖွတ် နိုင်ငံရေး ပညာရှင်ကြီးတွေ ပြောလိုက်မှ တွတ်ပီရဲ့ သေနတ် မရှောင်ရင် လွတ်တဲ့ ကိန်း ဖြစ်နေပြီ။

အာဏာရှင် စနစ်ကနေ ဖက်ဒရယ် စနစ်ကို သွားနေတာပါ။ ဆိုပြီး power sharing လဲ မဟုတ်ဘူး၊ တဲ့။ ဘုရား ဘုရား... သူတို့ ပြောလိုက်မှ မကြားဖူးတဲ့ ဖက်ဒရယ် စနစ်သစ် အကြောင်းတွေ ပညာရှင်တွေတောင် ခေါင်းမှုးလောက်တယ်။

၂၀၀၈ အခြေခံ ဥပဒေမှာ ပါနေပြီးသားတောင် အစိုးရ သစ် တက်လာပြီး ၂နှစ် သက်တမ်းကျော်မှ ဗဟိုအစိုးရ ခွင့်ပြုချက်ရမှ လုပ်ပိုင်ခွင့် ရတာကို ဗဟိုချုပ်ကိုင်မှု စနစ်လျော့ချတယ် လို့ ပြောရဲသေးတယ်။

မူရင်းသတင်းလင့်
http://www.news-eleven.com/politics/20848

No comments:

Post a Comment