Pages

Friday, July 5, 2013

မေရီလန်း ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် ၈ နှစ်သမီး ကျမ်းကျိန်။



အမေရိကန် နိုင်ငံ Maryland ပြည်နယ် မှာ ၈ နှစ် အရွယ် အမျိုးသမီး ငယ် ကို လက်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူး Martin O'Malley ရဲ့ နေရာ အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့ တနေ့တာ ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူဖို့ ရွေးချယ် လိုက်တာ ဖြစ်ပါတယ်။

အကြောင်းကတော့ အမျိုးသမီးငယ်များ လူထု နဲ့ ဆိုင်တဲ့ အရေးအကြောင်းတွေမှာ ပါဝင်လာဖို့ လှုပ်ဆော်မှု တရပ် အနေနဲ့ ရွေးချယ်ခြင်း ဖြစ်ပါတယ်။

သမီးလေး Genea Harrison ဟာ ပြည်နယ် အုပ်ချုပ်ရေးမှူး ယှဉ်ပြိုင်မှု စာစီစာကုံး မှာ နံပါတ် (၁) ရခဲ့တာပါ။ သူမ ရဲ့ စာစီစာကုံး ထဲမှာ အစိုးရ စာသင်ကျောင်း အခန်းတွေရဲ့ လူဦးရေ တွေကို လျှော့ချမယ်၊ လူထုလုံခြုံရေး၊ အမှိုက်သိမ်းမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စတဲ့ အစီအမံ အကြောင်း တွေ ထည့်ရေးခဲ့ပါတယ်။ တနေ့တာ ရွေးချယ်ခံထားရပေမယ့်၊ အမေရိကန် တနိုင်ငံလုံးက နိုင်ငံရေး အကြီးအကဲ တော်တော်များများ အားပေးခဲ့ကြပါတယ်။ သူ့မရဲ့ တနေ့တာ မှာ တိုင်ဝမ် နိုင်ငံက အထူးသံသမန် နဲ့ တွေ့ဖို့လဲ ချိန်းဆိုခဲ့ပါတယ်။

မူရင်း သတင်း
http://www.usatoday.com/story/onpolitics/2013/07/02/genea-harrison-maryland-governor-omalley/2483385/

No comments:

Post a Comment