Pages

Friday, June 7, 2013

အမျိုး၊ ဘာသာ၊ သာသနာ အတွက် ဥပဒေ မလိုဘူး ဆိုတာဟာ စစ်တပ်ထဲမှာ အရိုးစွဲနေတဲ့ ၀ါဒ ဖြစ်ပါတယ်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် ဥပဒေ မလိုဘူး ဆိုတာဟာ စစ်တပ်ထဲမှာ အရိုးစွဲနေတဲ့ ၀ါဒ ဖြစ်ပါတယ်။

ကျနော် တို့ကသာ ဥပဒေ တွေ ပြောနေတာ... သူတို့က ဥပဒေ မှ မရှိပဲ... ဥပဒေ ဆိုတာ အုပ်ချုပ်သူ လူတန်းစား တွေကို ကာကွယ်ဖို့ သာ ဖြစ်ပါတယ်။

တိုင်းရင်းသူ တွေကို မဒိမ်းကျင့်တာလဲ တရားဝင် ဖြစ်မှန်း အခုတလော ပိုသိလာတယ်။

တိုင်းရင်းသား ရွာ တွေ ဥပဒေမဲ့ ဖျက်ဆီး ပေးတာလဲ တရားဝင် ဖြစ်တယ်။

တိုင်းရင်းသား ရွာတွေမှာ ရွာသား တွေကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်တာတွေ လဲ တရားဝင် ဖြစ်တယ်။


ဖမ်းဆီးမိတဲ့ စစ်တုန့်ပန်း တွေကို ဥပဒေ မဲ့ သတ်ဖြတ် လိုက်တာလဲ တရားဝင် ဖြစ်တယ်။ (တချို့ ဆိုရင် တုန့်ပန်းတောင်မဟုတ်ဘူး အပစ်အခတ်ရပ်စဲထားတဲ့ ကာလ ၂၀၀၂ ခုနှစ် ရှမ်းပြည်မြောက်ပိုင်းမှာ ဒေသ ဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး လုပ်နေတဲ့ လက်နက်မဲ့ အေအိုင်အေ စစ်သား ၁၂ ယောက်ကို အသလွတ် ပစ်သတ်သွားတာ အားလုံး အသိပဲ ဖြစ် ပါတယ်။ စစ်ခုံရုံးတင် တယ် ဆိုတာလဲ မကြားမိပါဘူး။ နောက်ပြီး ၂၀၁၁ ဇွန်လ မှာ စတင်ခဲ့တဲ့ စစ်ပွဲမှာ ကေအိုင်အေ ဆက်ဆံရေး ရုံး ၀န်ထမ်းကို ဖမ်းပြီး သတ်လိုက်တယ်။ ကေအိုင်အေ က တိုက်ပွဲထဲမှာ အရှင်ဖမ်းမိတဲ့ စစ်သားတွေကိုတောင် ပြန်လွတ်ပေးခဲ့ပါတယ်။)

ီဒီ ၂နှစ်လုံး ဖြစ်ခဲ့တဲ့ မူဆလင်ရိုက်ပွဲတွေမှာ ဗမာဘုန်းကြီးတပါး သတ်ခဲ့သူတွေကို ဖမ်းဆီး အရေးယူတာပဲ ရှိတယ်။ မူဆလင် ၄၀ ယောက် ကို သတ်လိုက်တာ အရေး မယူဘူး။

ဗုဒ္ဓဘာသာကွယ်ပျောက်မှာ ကြောက်တဲ့ အကြောင်း ပြောနေသူတွေဟာ ကချင်ခရစ်ယာန် ဘုရားကျောင်း ၆၆ ကျောင်း ဖျက်ဆီးပေးလိုက်တဲ့ တရားခံတွေကို အရေးယူသင့်မှန်း မသိကြပါဘူး။

ဖါးကန့်မှာ စစ်တပ်က ပစ်သတ်သွားတဲ့ ကျောင်းသူလေးအတွက် တရားခံတွေကို စုံစမ်းခြင်းမပြုတဲ့ အပြင်၊ နောက်ဆုံး အဲဒီ ကျောင်းသူရဲ့ အဖေက ပြောင်းပြန် တရားစွဲခံရတယ်။

ဒါတွေဟာ အခုတလော လူပြောများတဲ့ အမျိုးဘာသာ၊ သာသနာ အတွက် ဥပဒေ မလိုဘူး ဆိုတဲ့ ဆောင်ပုဒ် နဲ့ ကိုက်ညီ နေတာ တွေ့ရတယ်။

No comments:

Post a Comment