Pages

▼

Friday, June 28, 2013

ဗုဒ္ဓဘာသာဝင် နိုင်ငံသား တမျိုးထဲအတွက် ဥပဒေ မလိုလား...

ဦးဝီရသူ ရဲ့ ခြင်ထောင်စောင့်ဥပဒေကို ဒူဝါ က ဘာဖြစ်လို့ သဲသဲမဲမဲ လိုက်ဖဲ့နေသလဲ ဆိုတော့... ဗမာဗုဒ္ဓဘာသာရဲ့ ဘာသာခြားလို့ ပြောထားလို့ပါ။ မူဆလင် ကို ကြောက်တယ် ဆိုရင် မူဆလင် လို့ အသိအလင်း ရေးပေါ့။ အခုတော့ မဆီမဆိုင် ကချင်ခရစ်ယာန်တွေ၊ ချင်းခရစ်ယာန်တွေ၊ ကရင် ခရစ်ယာန်တွေကို ပြည်ထောင်စု ညီနောင်ပွါးများ ဆိုပြီး သူတို့ကြိုက်သလို ရမ်းတုတ်နေရင် ဘယ်ခံတော့မလဲ။ ၁၉၅၄ မှာ ပြဠာန်းတဲ့ ဗမာဗုဒ္ဓဘာသာ အမျိုးသမီးများရဲ့ ထိန်းမြားခြင်းဆိုင်ရာ အမွေဆက်ခံ ဥပဒေ တောင် တော်တော် လွန်လှပါပြီ။

အဲဒီတုန်းက ကချင် နဲ့ ချင်း ကျောင်းသားတွေ ကန့်ကွက်ခဲ့တယ်။ နောက်ဆက်တွဲအနေနဲ့ ကေအိုင်အေ ဆိုတဲ့ တော်လှန်ရေး ပေါ်လာရတာပဲ။ ကျနော်တို့ကို အဆိုးမဆိုနဲ့။ နောက်ဆက်တွဲ တော်လှန်ရေးတွေ အဆင်သင့်ပါ။ အဲဒီတုန်းက မြန်မာနိုင်ငံသား အမျိုးသမီးထု အားလုံးအတွက် ဥပဒေ ဖြစ်ခဲ့ရင် ဘာမှ ပြဿနာ မရှိပါ။


၁၉၅၄ ဥပဒေ မှာက ဗုဒ္ဓဘာသာအမျိုးသမီးနဲ့ ဘာသာခြား အိမ်ထောင်ကျပြီး ကွာရှင်းလျှင် ရှိရှိသမျှ အမွေပစ္စည်း အားလုံးကို ဗုဒ္ဓဘာသာအမျိုးသမီးကို ပေးရမယ်၊ ဗုဒ္ဓဘာသာဝင် မဟုတ်ရင် ပေးစရာ မလို၊ ကချင်ခရစ်ယာန်၊ ချင်းခရစ်ယာန်၊ ကရင်ခရစ်ယာန် အမျိုးသမီး ဆိုရင် ကြိုက်သလိုယူ ဖျက်ဆီးပြီး ပစ်သွားလို့ ရတယ်။ (အဲဒါလား တန်းတူ အခွင့်အရေး)

အခု လာပြန်ပြီ ခြင်ထောင်စောင့် ဥပဒေ...

ဗမာ ဗုဒ္ဓဘာသာ အမျိုးသမီကို ဗုဒ္ဓဘာသာ မဟုတ်တဲ့ ခရစ်ယာန်၊ မူဆလင်၊ ဟိန္ဒူ၊ နတ်စား၊ ..... ဝေနေရ အမျိုးသား အပေါင်းတို့ ခြင်ထောင်ထဲ အတူ အိပ်မိရင်... ထောင် ၁၀ နှစ် အပြင်၊ ပိုင်ဆိုင်မှု အမွေအားလုံးကို အမျိုးသမီးကို ပေးရမယ် ဆိုပါကလား။ ဘိုးဘွားပိုင် ပစ္စည်း အကုန်ပါသွားမဲ့ ကိန်းပဲ။ မယူမိပဲနဲ့ ယူပါတယ် ဆိုရင် မခက်ပေးဘူးလား။ လုပ်စားတဲ့ ဗမာ အမျိုးသမီး တွေအတွက်တော့ ထောကိန်းပဲ။

No comments:

Post a Comment