Pages

Sunday, June 9, 2013

ကချင် စစ်ပွဲ ၂ နှစ်ပြည့်ပြီ။

ဒီနေ့ ဇွန်လ ၉ ရက်နေ့ကတော့ ကချင် စစ်ပွဲ ၂ နှစ်ပြည့် အထိန်းအမှတ်နေ့ ပါ။

အိပ်ပျော် နေတဲ့ လိုင်ဇာ အနီးကို ဗမာ့ တပ်မတော် ထိုးစစ်ဆင်လာရာက စ ဖြစ်ခဲ့တဲ့ စစ်ပွဲဟာ ၂ နှစ် တိုင်ခဲ့ပါပြီ။

၁၇ နှစ်တိုင်တိုင် အပစ်ခတ်ရပ်စဲထားရာက အတင်းအကြပ် နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ်။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူညီမျှ အခွင့်အရေး တွေကို လစ်လျူရှု့ပြီး တိုက်ခိုက်ခြေမှုန်းရေးကို လက်ကိုင်တုတ်ထားတဲ့ ဗမာ တပ်မတော်ရဲ့ ထိုးစစ်ဆင်ခြင်းကို ကြံ့ကြံ့ခံ တိုက်ခိုက်နေရတာပါ။

ကျန်တဲ့ တနိုင်ငံလုံးရှိ လက်နက်ကိုင် တပ်ဖွဲ့တွေကို ချော့ထားပြီး ကချင်တွေကို ပစ်မှတ်ထား ထိုးစစ်ဆင်ခြင်းခံရတာလဲ ဖြစ်ပါတယ်။

ဒီ ၂နှစ် အတွင်းမှာ အထူးသဖြင့် ၁ နှစ်ခွဲကြာ အပြင်းအထန် ထိုးစစ်မှာ အစိုးရ မီဒီယာ နဲ့ သမ္မတ က တမျိုး ၀ါဒ ဖြန့်ပေးတယ်။ ရှေ့တန်းမှာတော့ တပ်ရင်း ရာချီ စစ်ကြောင်းထိုးနေတယ်။ ပြည်တွင်း ပြည်ပ သတင်းထောက်တွေက အစိုးရ စစ်တပ် ဆိုတဲ့ဖက် သတင်းလိုက်လို့မရပဲ ဗမာစစ်တပ်က သူပုန်၊ အကြမ်းဖက်သမား လို့ ပြောနေတဲ့ ကေအိုင်အေ ဖက်လွတ်လွတ်လပ်လပ် သတင်းယူခဲ့ပါတယ်။ ဘင်လာဒင် စစ်ပွဲမှာ အမေရိကန်ဖက်ပဲ သတင်းယူကြပါတယ်။ အကြမ်းဖက်သမားတွေဖက် လွတ်လပ်စွာသတင်းယူလို့ မရပါဘူး။ အဲဒီအချက်အပေါ်မှာ ပညာရှင်ဆန်ဆန် သုံးသပ်သူတိုင်းက ဘယ်သူ အကြမ်းဖက်သမား ဆိုတာ သိပါတယ်။

ဒီတော့ အစပိုင်းမှာ မှန်းချက် နဲ့ နှမ်းထွက် မကိုက်တော့ စီးပွါးရေး ပိတ်စို့မှုကလဲ အရေးတကြီး ဖွင့်ဖို့လိုတယ် ဆိုတော့ အပူတပြင်း ငြိမ်းချမ်းရေး လက်မှတ် အလိုရှိပါသတဲ့။ ကေအိုင်အေက ၂၀၁၁ ကတည်းက တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်ဆဲဖို့ ကြေငြာပေးပါ ဆိုတော့ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဖြစ်ပြန်ရော။ တဖက်မှာ အပစ်ရပ်ထားတဲ့ ရှမ်းကိုလဲ အဆက်မပြတ် ပစ်နေတုန်း။ ယုံရတဲ့ စစ်တပ်မှ မဟုတ်တာ။

နောက်ဆုံး အနေနဲ့တော့ ယူအန် ၀င်လာရတယ်။ အခုထိ တကယ် တိုင်းရင်းသားတွေ အတွက် နိုင်ငံရေး ဆွေးနွေးပွဲ တကယ် လုပ်ချင်တယ် ဆိုရင် တတိုင်းပြည်လုံး အသိအလင်း အစီအစဉ် ကြေငြာ ပေးပါ။ ဆိုတော့ ဦးအောင်မင်းက သမ္မတ လဲ ပြော ပါတယ်။ လုပ်မှာပါ။ တဲ့။ အခုထိ မြန်မာ့အမှောင် နဲ့ ကြေးမှုံဝါး မှာ ရှာလို့ မတွေ့သေးဘူး။ လွတ်တော်မှာလဲ ဆွေးနွေးတာ မကြားမိဘူး။ ဒုံရင်းက ဒုံရင်းပဲလား မြန်မာရယ်။။။။။

No comments:

Post a Comment