Pages

Saturday, March 16, 2013

အမှန်ဆိုရင် လက်ပံတောင်းတောင် ဆန္ဒဖေါ်ထုတ်နေတဲ့ ပြည်သူတွေကို မြန်မာပြည်သားအားလုံး ကျေးဇူးတင်သင့် တာပါ။

သူတို့ ကြောင့်ပဲ

(၁) ဦးပိုင် ကုမ္ပဏီ ရဲ့ ဂုတ်သွေးစုတ်နေတဲ့ အတွင်းရေး တွေကို မြန်မာပြည်သားတွေ ပိုသိလာတယ်။

(၂) အစိုးရ နဲ့ ပြည်သူကြားမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးချဲ့လာနိုင်တယ်။

(၃) ပြည်သူ့လွတ်တော်မှာ လယ်ယာမြေ ပိုင်ဆိုင်ခွင့် နဲ့ ပတ်သက်တာတွေ ပွဲဆူသွားတယ်။

(၄) မတရား လယ်သိမ်း မြေသိမ်း လုပ်ခဲ့တဲ့ ခေတ်အဆက်ဆက် အာဏာပိုင်များကို မြို့နေပြည်သူတွေပိုပြီး သိမြင်လာတယ်။

(၅) မတရားမှုကို တွန်းလှန်ရမယ် ဆိုတာ ပြည်သူတွေ ပိုသိလာတယ်။

(၆) အနာဂတ် ကာလ ၀င်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများကို မြန်မာ ပြည်သားများရဲ့ မဟုတ်မခံ စိတ်ကို ပြပြီးသား ဖြစ်သွားတယ်။

(၇) ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ မျက်စိမိတ် ထောက်ခံနေတာ မဟုတ်ဘူး ဆိုတာ ပြလိုက်တာ ဖြစ်တယ်။ (ဦးအောင်သိန်းလင်း ပြောသလို ပြည်သူတွေ ရူးလို့ မဟုတ်မှန်း ပြလိုက်တာ) သူမှန်ရင် ထောက်ခံ ကြတာပဲ၊ မတရားဘူး ထင်ရင် သူ့ကိုလဲ ကန့်ကွက်ကြတာ အားလုံး အသိပါ။

No comments:

Post a Comment