Pages

Thursday, March 7, 2013

၂၀၀၈ အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ ဘယ်သူ့တာဝန်လဲ... ဘယ်က စ နိုင် မလဲ...



လာမဲ့ ဧပြီလမှာ ဥရောပ သမဂ္ဂ အနေနဲ့ မြန်မာ နိုင်ငံအပေါ် စီးပွါးရေး ဒဏ်ခတ် ပိတ်ဆို့ထားတာတွေကို ပြန်သုံးသပ်မဲ့ နှစ်ချုပ် အချိန်ခါ သမယ နီးလာတာနဲ့ အမျှ မြန်မာသမ္မတ နဲ့ ၀န် ကြီးရဲ့ ပါးစပ်ကနေလဲ အရင်က မကြားဖူးတဲ့ အပြောတွေ တော်တော် ကြားလာရပါတယ်။ ပင်လုံစာချုပ် အရေးကြီးပုံတွေ၊ ၀န်ကြီး အောင်မင်းရဲ့ တိုင်းရင်းသားတွေကို အုပ်ချုပ်ခွင့် အာဏာ ခွဲပေးရမယ် ဆိုတာတွေ... အခုတခါ... သမ္မတကြီးက အခြေခံ ဥပဒေ ကို ပြင်ဖို့ သဘောတူပါတယ် တဲ့။


သမ္မတ ဦးသိန်းစိန် ကတော့ ပြည်သူ နဲ့ လွတ်တော် အမတ်တွေ သဘောတူရင် အစိုးရ လဲ အခြေခံဥပဒေ ပြင်ဖို့ သဘောတူ မယ် လို့ ပြောနေတယ်။ ဒါပေမယ့် ဒီ ကိစ္စ နဲ့ တပြိုင်ထဲ ပြန်ကြားရေးဌာန က မီဒီယာထိန်းချုပ်တဲ့ ဥပဒေ တခု ရေးကြီးသုတ်ပြာ လွတ်တော်ထဲ တင်သွင်း ပြန်ပါတယ်။ အဲဒီ နည်းဥပဒေမှာတော့ ၂၀၀၈ အခြေခံဥပဒေ ကို ဝေဖန်ရင် ထောင်နန်းစံရမယ် ဆိုတဲ့ သဘောသက်ရောက်တဲ့ ဥပဒေ ပါဝင်ပါတယ်။

ပြန်ကြားရေးဌာက လက်ရှိအစိုးရ နဲ့ မပတ်သက်ဘူးလား... သမ္မတ နဲ့ ပြန်ကြားရေး ၀န်ကြီးတွေ က အတိုက်အခံ တွေလား... (မဟုတ်ဘူး ဆိုတာ အားလုံးသိပါတယ်။)

အခြေခံဥပဒေ ပြင်ဖို့လိုကြောင်း မြန်မာပြည်သူ တွေပဲ ပြောနေတာ မဟုတ်၊ နိုင်ငံတကာ အသိုင်းအ၀ိုင်း ကလဲ အစဉ်အမြဲ ပြောနေခဲ့တဲ့ အချက် ဖြစ်ပါတယ်။ ကမ္ဘာ့ကုလ သမဂ္ဂ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကလဲ လူ့အခွင့်အရေး ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံ ဖြစ်လာဖို့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ဖို့လိုကြောင်း အစဉ်အတိုင်း တောင်းဆိုနေခဲ့တာပါ။

ပြည်သူက သဘောတူတယ် မတူဘူး ဆိုတာ သိရအောင် နိုင်ငံလုံး သပိတ်ကြီး ဆင်နွဲမှ အစိုးရ နဲ့ လွတ်တော်အမတ်တွေ သိမှာလား... ဒါမှ မဟုတ် သမ္မတကိုယ်တိုင် ရော ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပဖို့ အစီအစဉ် ရှိပါသလား... ဒီလို ဘာအစီအစဉ်မှာ မရှိပဲ ဘယ်သူက ထလုပ်မလဲ? အရင်ထလုပ်တဲ့ လူတွေကို နိုင်ငံတော် ပုန်ကန်မှုနဲ့ မဖမ်းဘူးလို့ ဘယ်သူ အာမခံ ပေးမလဲ?..... လွတ်တော် အမတ်တွေကိုယ်တိုင်လဲ အခြေခံဥပဒေ ကို စောင့်ရှောက်ပါ့မယ် လို့ ကျမ်းသစ္စာ ဆိုထားတယ် ဆိုတော့ မိုးကြိုးပစ်မှာ စိုးရှာမပေါ့....

ဒီတော့...

စီးပွါးရေး ပိတ်ဆို့တာ ရုတ်သိမ်းဖို့ သက်သက် အနောက်နိုင်ငံသားတွေကို အပြော ချိုချိုနဲ့ သိမ်းသွင်းနေပြီး လက်တွေ့မှာ ဘာမှ မလုပ်ရင် ဘာတတ်နိုင်မလဲ?

ဝေဖန်ကြည့်တာပါ... ဆွေးနွေးနိုင်ပါတယ်။

No comments:

Post a Comment