Pages

Monday, March 18, 2013

တောင်ကုန်းအောက်ကျခါနီး ဘီးတပ်ပေးလိုက်ပြီ။



အစီရင်ခံစာ တခု ဆိုတာ ဆုံးဖြတ်ချက်ချပြီးသား မဟုတ်ပါဘူး။ အဲဒီ အစီရင်ခံစာအပေါ် မူတည်ပြီး ဆွေးနွေးရမယ်၊ တိုင်ပင်ရမယ်။ လက်ခံ မခံ အခြေအတင် ငြင်းခုန်ရမှာက လွတ်တော်မှာပါ။ လိုအပ်ရင် ပြည်သူ့ကြား ချပြ၊ ငြင်းခုန် ဆွေးနွေးမှု (Public Debate) လုပ်ပြီး စစ်တမ်းကောက်ယူရမယ်။ ဒါက ပြည်သူကြားမှာ အခြေအတင် (Conflict) ဖြစ်နေတဲ့ ပြဿနာမျိုးကို ဒီမိုကရေစီ နိုင်ငံတွေမှာ ဖြေရှင်းနေကျ နည်းလမ်းတွေပါ။
အခုတော့ အစိုးရ က ဖွဲ့တဲ့ ကော်မီရှင် (ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တယ် ဆိုပေမယ့် လွတ်လပ်တဲ့ စုံစမ်းရေး ကော်မီရှင် မဟုတ်ပါ။) ရဲ့ အစီရင်ခံစာ ကို အစိုးရ က ချက်ချင်း ပြန်ထလုပ်တယ် ဆိုတာ သိပ်တော့ သဘာဝ မကျလှပါ။ ကိုယ်ပြော ကိုယ်လုပ် ဖြစ်နေခဲ့တဲ့ အာဏာရှင်ခေတ်နဲ့ လုပ်ပုံ ကိုင်ပုံက မခြားနားလှပါ။ လွတ်တော်က လက်ခံတယ် ဆိုတဲ့ အတည်ပြုချက်တောင် မစောင့်ပဲ ဒီလို အကောင်အထည်ဖေါ်မဲ့ အစိုးရ အဖွဲ့ကို ဖွဲ့လိုက်ပါသတဲ့။ ကော်မီတီ အဖွဲ့ဝင်တွေကလဲ ဦးပိုင် နဲ့ ၀မ်ပေါင် အဖွဲ့ထဲကပဲ ဖြစ်နေတယ်၊ ဆိုတော့ နယ်ခံတွေ ခင်မျာ ဘာပြောခွင့် ရှိတော့မလဲ။ အရင်တိုင်း ပဲပေါ့။

ဒေါ်အောင်ဆန်းစုကြည် ကို ခဏတဖြုတ် အသုံးတော်ခံ လုပ်လိုက်ပြီး တောင်အောက် ကျခါနီးမှာ ဘီးတပ်ပေး လိုက်သလို ပါပဲ။ ပြည်သူက မကြေနပ်ဘူး ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ကို လက်ညှိးထိုးတော့မယ်လေ၊ နောက်ဆုံး NLD ပါ အဆစ်ပါသွားမယ်။ ဒီ ကော်မီတီ ၀င်တွေနဲ့တော့ ပြည်သူအတွက် စဉ်းစားမဲ့ အဖွဲ့တော့မဟုတ်ပါ။ ၀မ်ပေါင် နဲ့ ဦးပိုင် အတွက် သာ ဖြစ်ပါလိမ့်မယ်။

No comments:

Post a Comment