Pages

Thursday, February 21, 2013

ဒီကာတွန်းကြောင့် သတိရစရာလေးတွေ တွေးမိတယ်...



သက္ကသိုလ်တုန်းက ကချင်စာပေယဉ်ကျေးမှုကော်မီတီ က ဦးဆောင်ပြီး ကချင်စာပေ မဂ္ဂဇင်းထုတ်မယ် ဆိုတော့ ကျောင်းအုပ်ဆရာကြီးက စာပေစီစစ်ရေးတင်ရမယ် ဆိုလို့ တင်ဖြစ်ပါတယ်။ ကျနော် တာဝန်ယူတဲ့ ကော်မီတီ သက်တမ်းက တစ်နှစ်ပါ။ စာပေစီစစ်ရေးက မှတ်ပုံတင်ကျလာတာက နောက်နှစ်။ ကျနော်လုပ်ထားတဲ့ မဂ္ဂဇင်းက နောက်ကော်မီတီမှပဲ ရောင်းခဲ့ရတဲ့ အဖြစ်။


နောက်တခု ရှိသေးတယ်။ ကချင် နှစ်ခြင်းခရစ်ယာန် အသင်းချုပ် ပြက္ခဒိန် ထုတ်တော့ မှတ်ပုံတင် လျှောက်တာ ၆လ ကြာသွားလို့ဆိုပြီး နှစ်ကူးပြီး ဖေဖေါ်ဝါရီလ မှ ဖြန့် လို့ ၀ယ်ဖြစ်တာ တခါကြုံဖူးတယ်။

ဘုရားကျောင်းဆောက်ခွင့်၊ ပြင်ဆင်ခွင့် ဆိုတာတွေက တခါမှ ဘုရားကျောင်းအနေနဲ့ တရားဝင် ခွင့်ပြုတယ် ဆိုတာ မကြားဖူးသလောက်ပဲ။ စည်ပင်သာယာက ဟိုလိုလို၊ ဒီလိုလို နဲ့ ကိုယ်ပိုင်အိမ်လိုလို ဆောက်ခိုင်းတာမျိုးပဲ ရှိတယ်။ နောက်တော့ ဘုရားကျောင်းလို့ နာမည် မတပ်နဲ့ပေါ့။

ပြောရင် အများကြီးပါ.. တထောင့်တည ပုံပြင်ထက် ရှည်သွားလိမ့်မယ်... မယုံဘူး ဆိုတဲ့လူတွေ သက်သေပြရင် ဘာဆက်လုပ်မလဲ... စဉ်းစားပြီး ပြောပေါ့....

No comments:

Post a Comment