Pages

Sunday, January 13, 2013

သမ္မတ ရာထူး ဆိုတာ ဦးသိန်းစိန် ရဲ့ ကိုယ်ပိုင် အကျိုးစီးပွါးမဟုတ်ပါ။


တချို့လူတွေ သမ္မတ ဦး သိန်းစိန် ကို ထောက်ခံချင်တာနဲ့ပဲ နဲနဲမှ ဝေဖန်ပေးတာ မကြိုက်တော့ဘူး။ မုတိတာ မပွါးနိုင်ဘူးတဲ့လေ။

ဦး သိန်းစိန် ရဲ့ ကိုယ်ပိုင် ကုမ္ပဏီ ကြီးပွါး တိုးတက် နေတာကို သွားမနာလိုတာ မဟုတ်။ သူတို့ မိသားစု ကိုယ်ပိုင် အကျိုးစီးပွါး ကို သွားပြီး မနာလို ၀န်တို နေလို့ ပြောတာ မဟုတ်။

သမ္မတ ရာထူး ဆိုတာ မြန်မာ နိုင်ငံသား အားလုံးရဲ့ဘ၀ နဲ့ တိုက်ရိုက် ပတ်သက် နေလို့ ဖြစ်တယ်။

ကိုယ်ပိုင် ကုမ္ပဏီ တခုကို အောင်မြင် အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သူဌေးတောင် သူ့ရှယ်ယာ ရှင်တွေရဲ့ ဝေဖန်တာကို ခံရတတ်တယ်။



မြန်မာ နိုင်ငံရဲ့ သမ္မတ ရာထူး ဆိုတာ တစ်ဦး တစ်ယောက် ပိုင် ကုမ္ပဏီ ဥက္ကဌ ရာထူး မဟုတ်ဘူး။ ပြည်သူများရဲ့ ဘ၀ နဲ့ တိုက်ရိုက် ပတ်သက်နေလို့ ဖြစ်တယ်။ ပြည်သူများရဲ့ အကျိုးစီးပွါးနဲ့ ဘ၀ ရှယ်ယာ ပါနေလို့ ဖြစ်ပါတယ်။

ဒါကြောင့် သမ္မတ ရာထူးမှာ ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ရှယ်ယာပိုင်ရှင် များ ဖြစ်တဲ့ ပြည်သူကို ချပြဘို့၊ ပြည်သူကို လေးစားဖို့ တာဝန်အပြည့် ရှိသလို၊ ပြည်သူများကလဲ ကိုယ့်ရဲ့ရပိုင်ခွင့်အတွက် ဝေဖန်ပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် အပြည့်ရှိနေတာပါ။

No comments:

Post a Comment