Pages

Wednesday, January 23, 2013

တစ်နှစ်စာ ၀န်ထမ်းလစာ နဲ့ လိုင်ဇာကို အလောင်းအစား လုပ်တော့မလား?

ဒီနှစ် အစိုးရ ဘက်ဂျက် ခန့်မှန်းရာထားချက်အရ ၀န်ထမ်းလစာ တိုးပေးဖို့ မဖြစ်နိုင်တော့ကြောင်း သိရပါတယ်။

သတင်းရင်းမြစ် >>
(လာမည့်ဘတ်ဂျတ်နှစ်အတွင်း အစိုးရ၀န်ထမ်းများ အတွက် လစာတိုးပေးရန် အစီအစဉ် မရှိသေးပါကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န် ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောသည်။

သီပေါမဲဆန္ဒနယ်မှ ပြည်ထောင်စုဝန်ကြီး ဦးရဲထွန်း၏ လာမည့်ဘတ်ဂျတ်နှစ် အတွင်း ၀န်ထမ်းများအား လစာတိုးပေးမည်ဟု ကတိပေးထားပြီးဖြစ်ရာ လစာ တိုးပေးပြီးနောက် ငွေကြေးဖောင်ပွမှု မဖြစ်စေရန် မည်သည့် အစီအမံ များ ချထားဆောင်ရွက်နေသည်ကို သိရှိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး တွင် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ယင်းကဲ့ သို့ ပြောကြားခြင်းဖြစ် သည်။ )

ဗညားဦး (နေပြည်တော်)
(Yangon Media Group)

×××××××××××××××

သိန်းစိန် အစိုးရ မတက်ခင် အသွင်ကူးပြောင်းရေးကာလမှာ ၀န်ထမ်းလစာ များ အားရဘွယ်တိုးထား တာကို ခဏတဖြုတ်မြင်လိုက်ပါတယ်။ သိန်းစိန်အစိုးရသစ်လဲ တက်လာအပြီးမှာတော့ ၀န်ထမ်းလစာ ကို ဘေးချိတ်ထားပြီး ကေအိုင်အေ ကို ထိုးစစ်ဆင် ပါတော့တယ်။

မနှစ်က ဘက်ဂျက်ထဲမှာတော့ ထောက်ပံ့ကြေးဆိုပြီး စတိလေး ပေးလိုက်ပြီး နှစ်သိမ့်ထားလိုက်တယ်။ ဒီနှစ်တော့ဖြင့် တိုးလာကောင်းပါရဲ့ ဆိုပြီး ခန့်မှန်းချက်မျိုး အစောကတည်းက ရှိနေခဲ့တာပါ။ ၂၀၁၂ အတွင်း လိုင်ဇာကို အပြီးသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးကျည်ဆံ အနေနဲ့ ဘက်ဂျက်ထပ်တိုးတောင်းပြီး ဒီဇင်ဘာလအတွင်း အပြီးသတ် ချေမုန်းဖို့ ကြိုးစားခဲ့ ပါသေးတယ်။

အခုတော့ ဘက်ဂျက် အသစ်စောင့်နေရတယ် ဆိုတော့ ခဏငြိမ်ပေးမယ်ပေါ့။ ၂၀၁၃ မှာလဲ ၀န်ထမ်းလစာ ကို ဘေးချိတ်လိုက်ပြန်ပါပြီ။ ဒီတော့ ဒီဘက်ဂျက် ဘယ်လိုထွက်မလဲ….
၂၀၁၃ မှာ ၀န်ထမ်းလစာ နဲ့ လိုင်ဇာ ကို အလောင်းအစားလုပ်တော့မလား…. ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ အလောင်းအစား ဆိုတာ မသေချာတဲ့ အလုပ်မို့ ပြောတာပါ။

၂၀၁၁ နဲ့ ၂၀၁၂ ၀န်ထမ်း လစာ၊ ပြည်သူ့ကျန်းမာရေး၊ ပညာရေး အသုံးစရိတ် နဲ့ လူ့အသက်ပေါင်းများစွာ နဲ့ ပွိုင့် ၇၇၁ လဲခဲ့တယ်။ လိုင်ဇာ ကိုတော့ မရခဲ့ဘူး။

နအဖ ခေတ်တုန်းကလို ငွေစက္ကူ လိုသလို မလိမ့်ထုတ်တာ တခုတော့ ကောင်းသွားတယ်လို့ ပြောရမှာပါ။ ပညာရေး နဲ့ ကျန်းမာရေး အတွက်တော့ ပုံပြင်လို့သာ မှတ်လိုက်ပါတော့။

No comments:

Post a Comment