Pages

Saturday, January 5, 2013

ထိုးစစ်ရပ် ပြီး ရွာ မီးရှို့


 

ဇန်န၀ါရီလ ၄ ရက်၊ လွတ်လပ်ရေး နေ့မှ ယနေ့ ၅ရက်ထိ နှစ်ရက် ဆက်တိုက် မြန်မာ အစိုးရ စစ်တပ် ထိုးစစ်ဆင်မှု ရပ်သန့် နေပြီး ရင်ဆိုင်တိုက်ပွဲများလဲ ရပ်သန့်နေခဲ့သည်။

သို့သော်...

ဒေါဖုန်းယန် မြို့နယ်ခွဲ၊ မြန်မာ အစိုးရ အထက်တန်းကျောင်း နဲ့ ဘုန်းကြီးကျောင်းလဲ ရှိတဲ့၊ နမ်ဆန်ယန် ရွာ မှ ကချင်အိမ် ၁၅ အိမ် သီးသန့်ရွေးပြီး မြန်မာ စစ်တပ်မှ ဒီနေ့ (Jan 5) ပဲ မီးရှို့ပေးလိုက်တယ် လို့ ဓါတ်ပုံ နဲ့ တကွ သိရပါတယ်။

နမ်ဆန်ယန် ရွာဟာ ကချင်၊ ရှမ်း၊ ဗမာ၊ တရုတ် လူမျိုးများ ရောနှော နေထိုင်နေတဲ့ မြို့နယ်ခွဲအဆင့်ရှိတဲ့ ရွာကြီး ဖြစ်ပါတယ်။ အစိုးရ စစ်တပ်ထိုင်တဲ့ ရွာလဲ ဖြစ်ပါတယ်။

ဒါတွေကြောင့် နိုင်ငံတကာ သတင်းမီဒီယာ များကို မ၀င်ခိုင်းခြင်း ဖြစ်ပါလိမ့်မယ်။ သူတို့ လုပ်ချင်ရာ လုပ်လို့ မရမှာ စိုးလို့ပါ။

No comments:

Post a Comment