Pages

Monday, January 14, 2013

ဗမာ တပ်မတော် နည်းဗျူဟာ...

၂၀၁၁ ဇွန်လ ကတည်းကနေ တိုက်ပွဲ စဖြစ်ကတည်းက ဗမာ စစ်တပ်တွေဟာ အရပ်သားတွေကို အကျပ်ရိုက်အောင်လုပ်ပြီး ကေအိုင်အေ ကို လက်နက်ချခိုင်းမယ်... ဆိုတဲ့ သဘောနဲ့ ထိုးစစ်ဆင်လာတာ တွေ့ရပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်တော့ သူတို့ စစ်ဗိုလ်ချုပ်များရဲ့ အမြင်တွေ မီဒီယာ မှာ ပြောလာတာ ရှိတယ်။ အမေရိကန် နဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွါးရေး ဒဏ်ခတ်ပိတ်စို့ခြင်းရဲ့ ရည်ရွယ်ချက် ဟာ ပြည်သူတွေကို အနေဆင်းရဲအောင်လုပ်ပြီး လမ်းပေါ်ထွက်လာအောင် လုပ်ခြင်း ဖြစ်တယ်၊ ဆိုပြီး ဖွင့်ပြောလာတာ တွေ့ခဲ့ရပါတယ်။

အနောက်နိုင်ငံတွေရဲ့ Sanction ရည်ရွယ်ချက်ကတော့ ဒီလို ဟုတ်ချင်မှ ဟုတ်မယ်..

သို့သော်.... ရွှေမြန်မာ ဗိုလ်ချုပ်ကြီးများရဲ့ ရွှေဥာဏ်တော်ကွန့်မြူးချက် ကတော့ ဒီအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုတယ်.... အခု ကချင် စစ်ပွဲမှာ လက်တွေ့ အကောင်အထည်ဖေါ်နေပြီ။


ကချင် အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်မယ်.... အရပ်သားတွေ အကျပ်အတည်းဖြစ်လာတဲ့အခါ ကေအိုင်အေ ကို အကျပ်ကိုင်ပြီး လက်နက်ချခိုင်းမယ် ဆိုတဲ့ ရည်ရွယ်ချက်က တဖြည်းဖြည်း ပိုပြီး ရုပ်လုံး ပေါ်လာပါတယ်။

ဖါးကန့်မှာ (ဆိုင်းတောင် နဲ့ မော်မောင်းကုန်း၊) လုပ်ခဲ့သလို အခု လိုင်ဇာ မှာ လုပ်နေပြီ။ ကေအိုင်အေ စစ်တပ်ကို တိုက်ရိုက်ထိုးစစ်ဆင်ရင် အထိနာပြီး ပြန်ပြန်လာတတ်တော့ အရပ်သားရှိတဲ့ ရွာတွေကို ပစ်ချင်တဲ့ အချိန် ပစ်တယ်။ တိုက်ပွဲ အနီးအနား မရှိရင် အေးဆေးတည်ငြိမ်စွာ နေနေတဲ့ အရပ်သားတွေ ထွက်ပြေးချိန်မရပဲ သေနေကြရတယ်။

အနောက်နိုင်ငံတွေရဲ့ Sanction မှာ လူသားချင်းစာနာ တဲ့ အကူအညီ တွေ မရပ်ခဲ့ပါဘူး။ ဒါပေမယ့် ဗမာ စစ်တပ်ကတော့ စစ်ပြေးဒုက္ခသည် တွေရဲ့ အကူအညီ လုံးဝ ပိတ် လိုက်တယ်။

ကေအိုင်အေ ပစ်မှတ်ထားတာ ရန်သူ့လမ်းကြော သက်မဲ့ ပစ္စည်းများ၊ ဗမာ စစ်တပ် ပစ်မှတ်ထားတာ လူသား အသက်။ သူတို့ မီဒီယာက အဲဒီ သက်မဲ့ ပစ္စည်းတွေကို တသသ ဖြစ်နေတဲ့ အချိန်၊ ကချင်အရပ်သားတွေ သေနေရတယ်။

No comments:

Post a Comment