Pages

Sunday, January 13, 2013

ကျနော်တို့က ၁၉၉၄ ကတည်းက အပစ်ရပ်ပြီးသား..






၂၀၁၂ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ လုပ်တဲ့ UNFC အစည်းအဝေး မှာ ကေအိုင်အို အတွင်းရေးမှူး ဒေါက်တာ လဂျာ ကနေ တဖန် တိုက်ပွဲ ဖြစ်လာရတဲ့ အကြောင်းကို ရှင်းလင်း နေခြင်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ကတည်းက ကေအိုင်အို အနေနဲ့ အပစ်ရပ်လက်မှတ်ထိုး တာဟာ နိုင်ငံရေး ဆွေးနွေးဖို့ ဖြစ်တဲ့အကြောင်း။ နိုင်ငံရေး ဆွေးနွေးရအောင် ပြောတော့ ကျနော်တို့က အာဏာသိမ်း တပ်မတော် ဖြစ်တယ် ဆိုပြီး လက်မခံ တဲ့ အကြောင်း၊၊ နောင်တက်လာမဲ့ အစိုးရ နဲ့ ဆွေးနွေးပါ လို့ ပြောတဲ့ အကြောင်း။ အခုတခါ... အပစ်ရပ် ရအောင်တဲ့... ကေအိုင်အို အနေနဲ့ ၁၉၉၄ ကတည်းက လက်မှတ်ထိုးထားပြီးသား ဖြစ်တယ် ဆိုတဲ့ အကြောင်း... အခု ဖြစ်နေတာက ခင်များတို့ လာပစ်လို့ ဖြစ်နေတဲ့ တိုက်ပွဲတွေ ဖြစ်တယ် ဆိုတဲ့ အကြောင်း။ ခင်များတို့ တပ်တွေ ကို ဆုတ်လိုက်ပါ... လက်မှတ်ထိုးစရာ မလိုဘူး.... ကျနော်တို့က ခင်များတို့ နေရာကို သွားတိုက်တာ မဟုတ်ဘူး... ကျနော်တို့ ပိုင်နက်ထဲ ကျူးကျော်လာလို့ တိုက်တာဖြစ်တယ်...... ဆိုတဲ့ အကြောင်း တွေပါ။

No comments:

Post a Comment