Pages

Sunday, January 13, 2013

လိုင်စင်ရ လူသတ်မိန့် နဲ့ ဗမာ စစ်တပ် ရဲ့ စစ်ရာဇ၀တ်မှုများ



တပ်မ ၈၈ က အရာရှိ ကိုယ်တိုင် ၀န်ခံထားတဲ့ ဗမာ့ တပ်မတော် လူသတ် လိုင်စင် အထောက်အထား တခုပါ။

ဥပဒေ မဲ့လူသတ်တယ် ဆိုတာ သူတို့ နားလည်ထားပုံ မရဘူး။

စစ်တိုက်တာနဲ့ လူသတ် သမား ဆိုတာ ကွာခြားမှန်းလဲ သူတို့ မသိပါ။

ကေအိုင်အေမှာက ရန်သူ ဖြစ်နေရင်တောင် ယူနီဖေါင်း နဲ့ သေနတ် မပါရင်၊ ဒါမှ မဟုတ် မထွက်ပြေးရင် ပစ်ခွင့်မရပါဘူး။ သတင်းအရ ထောက်လှမ်းရေးတွေကို ဖမ်းတာကတော့ တမျိုးပေါ့။

ဗမာ စစ်တပ်ဟာ စစ်ကြောင်းက စစ်သားတွေကို ၀ိုင်းကြည့်နေတဲ့ ရွာသားများကို ကလေးပါမကျန် ပစ်သတ်လိုက်ကြောင်း၊ Namlim Pa ရွာ အကြောင်း ရေးထားတဲ့ နော်ဝေ နိုင်ငံ အခြေစိုက် Partners Relief & Development အဖွဲ့ပြုစုထားသော Crimes in Norther Burma (http://goo.gl/MEkg6) အစီရင်ခံစာ မှာ အတိအကျ ဖေါ်ပြထားပါတယ်။


ဒီ အစီရင်ခံစာဟာ နိုင်ငံတကာ စံချိန် စံညွန်း နဲ့ အညီ ဆန်းစစ်လေ့လာ ထားတာပါ။

ဒီအစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည်လဲ မသိတာတော့ မဟုတ်လောက်ပါ။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ မှာ ထွက်လာတဲ့ ဒီအစီရင်ခံစာက ၂၀၁၂ မှာ နိုင်ငံခြား ခရီးသွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတကာ မီဒီယာ တွေ မေးရတဲ့ အကြောင်း တခု ဖြစ်ပါတယ်။

နောက်ပြီး ၀ိုင်းမော်မြို့နားက မုတ်ကျိတ်ရွာက ကချင်ခရစ်ယာန် ဓမ္မဆရာ သင်းထောက် တစ်ပါး နဲ့ ရွာသား တစ်ယောက် ကို ဘုရားကျောင်းထဲက ဆွဲထုတ်ပြီး ဥပဒေ မဲ့ သတ်လိုက်တာ အခုထိ သေပြီ လို့ပဲ အကြောင်းကြားပြီး ဘာမှ ဖြေရှင်းချက်မပေး။ မိသားစု တွေ ကိုယ်တိုင် ဖွင့်ဟ ၀န်ခံထားတာကို ဗီဒီယိုမှတ်တမ်း တင်ထားပါတယ်။ (http://goo.gl/FNPFX)

ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်နေတဲ့ လူတွေ ထောက်ပြတာက ကေအိုင်အေ ကို အားပေးပါ၊ ကေအိုင်အို ဖက်က ရပ်တည်ပေးပါ လို့ ပြောနေခြင်း မဟုတ်။ ဗမာ စစ်တပ် ရဲ့ လူမဆန် တဲ့ ဥပဒေမဲ့ လူသတ်မှု တွေ နဲ့ စစ်ရာဇ၀တ်မှု များအတွက် သူ့ရဲ့ ရပ်တည်ချက် ထုတ်ဖေါ် ပြောဖို့ပဲ ဖြစ်ပါတယ်။

မသိဘူး ဆိုရင် သိအောင်ကော လုပ်ပါသလား... ဆိုတဲ့ မေးခွန်း မေးရပါလိမ့်မယ်။

No comments:

Post a Comment