Pages

Monday, December 17, 2012

Jason Mraz နဲ့ လူကုန်ကူးမှု တစေ့တစောင်း

 
Jason Mraz - Life is wonderful (Live)

 ဒီနေ့ကတော့ မြန်မာပြည်ကို ရောက်လာတဲ့ Jason Mraz ကို ဂုဏ်ပြုသောအားဖြင့် ကျနော် အကြိုက်ဆုံး "Life is wonderful" ဆိုတဲ့ သူ့သီချင်း တစ်ပုဒ်ကို တင်လိုက်ပါတယ်။ သူ့အကြောင်းမသိသေးသူများ အတွက်လဲ ဗဟုသုတ ရတာပေါ့။

မြန်မာ ပြည်သူတွေ အနေနဲ့ အခုတလော စိတ်မချမ်းမဲ့ စရာ သတင်းတွေနဲ့ ပဲ လုံးပန်းနေရချိန် အခုလိုနာမည်ကြီး တစ်ယောက်အနေနဲ့ အခမဲ့ လာရောက် ဖျော်ဖြေပေးတာ ၀မ်းသာစရာပါ။

ဘ၀ ဆိုတာ နေတတ်ရင် ပျော်စရာလေးပါ။

သူ့ကို ချီးကျူးချင်တဲ့ အပိုင်းလေးတွေ အများကြီးထဲက နှစ်ခုပဲ ပြောချင်ပါတယ်။

(၁) ဂီတ နဲ့ ပတ်သက်ပြီး နည်းပညာတွေ အများကြီး တိုးတက်လာနေတဲ့ အချိန် သူက တမူ ထူးခြား ရိုးရိုးလေးနဲ့ ဂီတ ကို ခံစားလို့ ရအောင် ဖျော်ဖြေတတ်ပါတယ်။

(၂) မိသားစု အပေါ် တာဝန်သိတတ်မှု နဲ့ ရိုးသားစွာ အသက်ရှင်တယ်။ လူမှုရေးတွေမှာ ပါဝင်တယ်။

Jason Mraze ဟာ အောင်မြင်နေတဲ့ အမေရိကန် အဆိုတော် တစ်ယောက်ဖြစ်ပြီး၊ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ အားတက်သရော ပါဝင်ဆက်ကပ်နေသူ ဖြစ်ပါတယ်။ မြန်မာပြည်ကို ရောက်လာရတဲ့ အကြောင်းရင်းကလဲ လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ MTV Exit အဖွဲ့ရဲ့ အစီအစဉ်နဲ့ ရောက်လာရခြင်းပါ။

မြန်မာနိုင်ငံသားတွေ အနေနဲ့ လူကုန်ကူးမှုခံရဖို့ လက္ခဏာတွေ့ရင် ချက်ချင်း အကြောင်းကြားဖို့ ဖုန်းနံပါတ် တခုကိုလဲ MTV Exit အဖွဲ့ကြေငြာသွားပါတယ်။

 

ဒီနေ့ ခေတ်အခါမှာတော့ လူကုန်ကူးမှုဟာ ကမ္ဘာ့ဒေသ အတော်များများမှာ ရှိနေတာပါ။ လူကုန်ကူးမှုရဲ့ အဓိက ဦးတည်ရာဒေသကတော့ အမေရိကဖြစ်ပါတယ်။ ကျနော်တို့လို ဆင်းရဲတဲ့ လူ့အဖွဲ့အစည်းကတော့ အခုချိန်မှာ နီးစပ်ရာ နိုင်ငံ ဖြစ်တဲ့ တရုတ် နဲ့ ထိုင်းတွေဆီ လူများစု ဦးတည်နေပါတယ်။

တရုတ်မှာတော့ နည်းမျိုးစုံရှိတာပါ။ လိင်မှု (မယားအဖြစ်အတင်းအဓမ္မလက်ထပ်ခြင်း)၊ ကိုယ်ခန္ဓာ အစိတ်အပိုင်း ရောင်းထုတ်မှု (ကိုယ်တွင်း ကလီစာများ အစားထိုးကုသမှုမှာ အသုံးချခြင်း)၊ အလုပ်သမား ကျေးကျွန်ပြုမှု၊  စသည်များက အဖြစ်အများဆုံး ဖြစ်ပါတယ်။ ကလေးငယ်များကို ခိုးယူရောင်းစားမှု များလည်း ရှိနေပါတယ်။ အများဆုံး အမြတ်ထုတ်ခံရတာကတော့ မိန်းမသားတွေပါ။
အောက်က ရုပ်ရှင်ကတော့ လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှု နဲ့ဆိုင်တဲ့ ပညာပေး ဇာတ်ကား ဖြစ်ပါတယ်။

No comments:

Post a Comment