ဗမာ တွေ ပြောတဲ့ အတိုင်း ကချင်တွေဟာ ဘိန်းစား နဲ့ အရက်သမား
ပေါလာတာပဲ အဖက်တင်တယ်။ မြစ်ကြီးနားမြို့လို တိုင်းမှူးထိုင်တဲ့ မြို့တော်က
သက္ကသိုလ်ကျောင်းတွေမှာ ဘိန်းဖြူကို လွတ်လပ်စွာ ရောင်းနေတာ ပြည်သူ့ရဲတွေ နဲ့
အစိုးရ ထောက်လှမ်းရေး တွေ မသိပဲ ရောင်းလို့ ရနိုင်မလား။ မြစ်ကြီးနား ဆိုတာ
မြို့ကျင်းကျင်းလေး။ ရန်ကုန်လို ကျယ်ပြန့်တဲ့ မြို့ကြီးမှာတောင် ဒီလို လွတ်လွတ်လပ်လပ် ရောင်းတာ မတွေ့ဖူးပါ။
ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာက ဗမာ တစ်ကျပ် ရရင် ကချင် တစ်ကျပ် ရစေရမယ် လို့ပြောခဲ့တယ်။
ဗမာ တွေ ပညာတတ် ထောင်နဲ့ ချီပြီး နိုင်ငံခြား ပညာတော်သင် လွတ်တဲ့ အချိန် ကချင်တွေ တစ်ယောက်မှ မပါဘူး။
ဗမာ့ ယဉ်ကျေးမှုကို အစိုးရ ယဉ်ကျေးမှု သက္ကသိုလ် ဆိုပြီး ဖွင့်လစ်
သင်ကြားလာတဲ့အချိန် တနှစ်နေမှ တစ်ခါ ကိုယ်ထူကိုယ်ထ လုပ်ရတဲ့ မနောပွဲတော်ကို
ခွင့်အထပ်ထပ် တောင်းရတယ်။ တရားဝင် ရုံး၊ ကျောင်း မပိတ်ပေးဘူး။
ဗမာတွေကိုးကွယ်တဲ့ ဘာသာကို အစိုးရ သာသနာရေး ၀န်ကြီးဌာနက ဦးစီးပြီး
သာသနာပြုလုပ်ငန်းများ လုပ်ဆောင်နေတဲ့ အချိန်၊ ကချင်လူများစု ဘာသာတရား
ဖြစ်တဲ့ ခရစ်ယာန်သာသနာအတွက် ဘုရားကျောင်းဆောက်ခွင့် တခါမှ မရဖူးပါ။
ဘုရားကျောင်းလို့ နာမည်တောင် မတပ်ခိုင်းပါ။
ပုဂ္ဂလိက ကျောင်း ဥပဒေ
ထွက်လာတော့ သာသနာပြုကျောင်းများ မဖြစ်ရ၊ ဆိုပြီး ထည့်ထားသော်လည်း၊
ဘုန်းတော်ကြီး ပညာသင်ကျောင်းကိုတော့ အစိုးရ သတင်းစာတွေမှာ ဝေေ၀ဆာဆာ
အားပေးပြီး မွန်မြတ်တဲ့ အလုပ်အနေနဲ့ ချီးမွန်းထားတယ်။
အင်္ဂလိပ်ခေတ်မှာ ဗမာအမျိုးသား ကျောင်း၊ ကချင်အမျိုးသား ကျောင်းတွေ
ဖွင့်ခွင့်ရပေမယ့်၊ ဗမာ အစိုးရ ခေတ်မှာ တရုတ်အမျိုးသား ကျောင်းကလွဲပြီး
ကျန်တိုင်းရင်းသား အမျိုးသား ကျောင်းတွေ ဖွင့်ခွင့် မရခဲ့ဘူး။
ဒါတွေဟာ လက်တွေ့မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ ဖြစ်တယ်။ ဗမာတွေရှေ့မှာ
အားနာလို့ မပြော ဖြစ်ရင်သာ နေမယ်။ ကချင်တွေ အားလုံး ပြောနေ၊ မြင်နေတဲ့
အဖြစ်တွေ ဖြစ်တယ် ဆိုတာ ပွင့်ပွင့်လင်းလင်း သိထားသင့်ပါတယ်။
No comments:
Post a Comment