Pages

Sunday, December 30, 2012

ရခိုင်တပ်တွေလဲ ကချင်ဖက်ပါပြီ။



 
လိုင်ဇာမြို့တော်ကို ရခိုင်တော်လှန်ရေး တပ်ဖွဲ့ ဒု-စစ်ဦးစီးချုပ် ဒေါက်တာ ညိုသွင်အောင် နှင့် အဖွဲ့ ရောက်နေကြောင်း သိရသည်။

သတင်းထောက်များကို ပြောရာမှာ "ကျနော်တို့က ရခိုင်တပ်တွေပါ" လို့ ပြောလာကြောင်း သိရသည်။

"ကနော်တို့ တိုင်းရင်းသားတွေကြားမှာ ဘုံရန်သူရှိနေပါတယ်... ကချင်လွတ်မြောက်ရေး တပ်မတော်ဟာ ကျနော်တို့ရဲ့ မဟာ မိတ်တွေပါ" လို့ပြောပါတယ်။



အသက် ၃၂ နှစ်ရှိပြီ ဖြစ်တဲ့ ဒေါက်တာ ညိုသွင်အောင်ဟာ ရန်ကုန် ဆေးသက္ကသိုလ် ကျောင်းဆင်း ဖြစ်ပြီး ရခိုင် အမျိုးသားများအတွက် တရားမျှတရေး နဲ့ လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ် လို့ ဆိုပါတယ်။

ရခိုင်ပြည်နဲ့ ရခိုင် အမျိုးသား အရေးကိစ္စမှန်သမျှ ရခိုင် အမျိုးသားများရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်သင့်တဲ့ အကြောင်းလဲ ထည့်ပြောပါတယ်။

No comments:

Post a Comment