Pages

Saturday, December 1, 2012

ယုံတန်း ကစားနေမဲ့ အချိန်မဟုတ်....


လက်ပံတောင်းတောင်မှာ ဆန္ဒပြနေတဲ့ လူထုနဲ့ သံဃာတွေရယ်၊ အနယ်နယ်အရပ်ရပ်က မီဒီယာ သမားတွေရယ်၊ စုံစုံလင်လင်ရှိတဲ့ နေရာမှာ ဗုံးခွဲပြီး မီးဟုန်းဟုန်းတောက်နေတဲ့ ဓါတ်ပုံ၊ ဗီဒီယိုဖိုင်တွေ အွန်လိုင်းပေါ်မှာ ပလူပျံနေတာတောင် မီးလောင်ဗုံးမသုံးပါဘူး၊ ဆိုပြီး ဗောင်လိမ်တဲ့ အစိုးရ။



လူသူမရှိ၊ မီဒီယာသမားမရှိ တဲ့ တိုင်းရင်းသားရွာတွေမှာ တရွာလုံးမီးတိုက်သွင်းနေပါတယ်၊ မဒိမ်းကျင့်ခံနေရပါတယ်၊ ညှင်းဆဲသတ်ဖြတ်ခံနေရပါတယ်၊ ဥပဒေမဲ့ လူသတ်နေပါတယ်၊ လို့ပြောယုံလောက်နဲ့ အစိုးရက အသာတကြည် ဟုတ်ကဲ့ မှားခဲ့ပါတယ် လို့ ၀န်ခံမယ် ထင်လို့လား။

တချို့က ဥပဒေမဲ့ လူသတ်နေပါတယ် ဆိုမှ၊ ဥပဒေ ကြောင်းအရ မလုပ်ဘူးလား၊ မတိုင်ဘူးလားတွေ လုပ်နေချင်သေး။

အခုထိ ထိုးစစ် မဆင်ပါဘူးလို့ ဗောင်လိမ်တဲ့ သမ္မတကို ယုံကြပလေ။

No comments:

Post a Comment