Pages

Monday, November 19, 2012

အမေရိကန်တွေရဲ့ သံသယ


ဗမာ့ တပ်မတော် ကို အမေရိကန်တွေ ယုံလား မယုံလား တော့မသိဘူး...

သမ္မတ အို..!! ဘားမား ကို ကြိုမဲ့ ဂုဏ်ပြုတပ်ဖွဲ့ဝင် တွေတောင် အစစ်ခံရတယ်။
မြန်မာ့ တပ်မတော်ရဲ့ မူမမှန်တဲ့ လုပ်ရပ်တွေ၊ အလိမ်အညာလေးတွေကို သူတို့ မသိပဲ နေမလားလေ.....

အစစ်ခံရတဲ့ လူမျက်နှာမှာက -ီး မှန်ထားတဲ့မျက်နှာပေးနဲ့ ခံပြင်းတဲ့ စိတ်တွေ ထင် ကျန်နေတာ အထင်အရှားပါ။


တခြား လုံခြုံရေးအရ အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်း နဲ့ တခြားနေရာ စစ်ဆေးခြင်းမျိုး နဲ့ အဓိပ္ပါယ်ခြင်း မတူပါ... ဂုဏ်ပြုတပ်ဖွဲ့ဝင်တွေ ဆိုတာ တပ်မတော် ရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက်ကပါ။ တပ်မတော်ထဲကမှ စိတ်ချရတဲ့ လူတွေကိုမှ ရွေးပြီးထည့်ထားတာ.. ကြိုတင်ပြီးလဲ ကျင့်ရတယ်... သူတို့ကို ဦးဆောင်နေတဲ့ အထက်အရာရှိတွေ နဲ့ အနဲဆုံး တစ်ညကြိုပြီး အတူရှိနေမယ်.. ကြားလူဝင်ပါလို့လဲ မရဘူး... ဒီလူတွေကို စစ်တယ် ဆိုတာ တခြားလုပ်ဆောင်တာထက် အဓိပ္ပါယ် အများကြီးကွာပါတယ်...

မြန်မာ ပြည်သူတွေကို မယုံတာလဲ မဟုတ်ဘူး။ မြန်မာ့တပ်မတော်ရဲ့ ကွပ်ကဲမှုကို အယုံအကြည်မရှိတာပါ။
ဗမာ့တပ်မတော်ရဲ့ ဖေါက်ပြန်တတ်တဲ့ သဘာဝ ကို မီးမောင်းထိုးပြလိုက်သလိုပဲ

တခြားနိုင်ငံတွေမှာလဲ လုံခြုံရေး ထူးထူးကဲကဲ လုပ်တာတွေ ရှိဖူးပါတယ်။ သို့သော် ဂုဏ်ပြုတပ်ဖွဲ့ဝင်တွေကို စစ်တဲ့ အထိတော့ မတွေ့ဖူးတာ အမှန်ပါ။ မူဆလင်နိုင်ငံ အချို့ကို သွားတုန်းက ရှိကောင်း ရှိမှာပါ။ (ဥပမာ အင်ဒိုနီးရှား နိုင်ငံလိုပေါ့)

No comments:

Post a Comment